ယေရမိ 27:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဘေဘီလုံဘုရင်ကို အစေမခံသောလူမျိုးသည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မင်းကြီးနှင့်မင်းကြီး၏လူတို့သည် အဘယ်ကြောင့် ထိုကဲ့သို့သေရပါမည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible13 အရှင်နှင့်အရှင်၏အမျိုးသားတို့သည် အဘယ် ကြောင့်စစ်ပွဲတွင်ကျဆုံး၍ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သို့မဟုတ်အနာရောဂါဘေးသင့်၍ သေရကြပါမည်နည်း။ ဗာဗုလုန်၏အစေကို မခံသည့်လူမျိုးသည် ဤနည်းအတိုင်းဖြစ်ရ လိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူပါပြီ။- အခန်းကိုကြည့်ပါ။Garrad Bible13 ဗာ ဗု လုန် ဘု ရင်၏ အ မှု ကို မ ထမ်း သော လူ မျိုး အား ရည် လျက်၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် နှင့် အ ညီ၊ ဘု ရင် မင်း သည် ပြည် သူ ပြည် သား တို့ ပါ၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့်၊ အ ဘယ့် ကြောင့် သေ ရ ကြ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible13 ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသောလူမျိုးကို ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။