ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
ယေရမိ 21:11 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်၏မင်းမျိုးမင်းနွယ်တို့နှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့။ Common Language Bible ထာဝရဘုရားက``ဒါဝိဒ်မင်း၏သားမြေး၊ ယုဒမင်းမျိုးတို့၊ ငါထာဝရဘုရားမိန့် တော်မူသောစကားကိုနားထောင်လော့။ သူ တို့အားသင်တို့သည်နေ့စဉ်ဖြောင့်မတ်စွာ တရားစီရင်ရကြမည်။ လုယူခြင်းခံရသူ အားဖိနှိပ်ချုပ်ချယ်သူ၏ဘေးမှကာကွယ် စောင့်ရှောက်ရကြမည်။ ယင်းသို့မပြုပါမူ သင်တို့၏မကောင်းမှုများသည် ငါ့အမျက် ဒေါသကိုငြိမ်းသတ်၍မရနိုင်သောမီး ကဲ့သို့တောက်လောင်စေလိမ့်မည်။- Garrad Bible ယု ဒ မင်း ဆွေ၊ မင်း မျိုး အား လည်း ပြန် ကြား ရ မည် မှာ၊ အို ဒါ ဝိဒ် မင်း မျိုး၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ လော့။ သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ အ မျက် တော် မ ငြိမ်း နိုင် သည့် တိုင် အောင်၊ မီး သ ဖွယ် ပေါက် ထွက် တောက် လောင် မည် စိုး၍၊ နံ နက် အ ချိန်၌ တ ရား သ ဖြင့် စီ ရင် လျက်၊ ညှဉ်း ပန်း သူ ၏ လက် တွင်း မှ အ လု အ ယက် ခံ ရ သူ့ ကို ကယ် လွှတ် ကြ ရ မည် ဟူ သော၊ ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို ပြန် ကြား လော့။ Judson Bible ယုဒရှင်ဘုရင်အမျိုးကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသော စကားတော်ကို နားထောင်ကြလော့။ |
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
‘ဤမြို့တံခါးဖြင့် ဝင်ထွက်သွားလာကြသော ယုဒဘုရင်နှင့် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ယုဒဘုရင်၏နန်းတော်သို့ဆင်းသွားလော့။ ထိုအရပ်၌ ဤစကားကို သင်ပြောကြားရမည်။
ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
အကျွန်ုပ်က “အို ယာကုပ်အမျိုးခေါင်းဆောင်တို့နှင့် အစ္စရေးအမျိုးအကြီးအမှူးတို့၊ နားထောင်ကြလော့။ တရားမျှတမှုကို သင်တို့သိသင့်သည်မဟုတ်လော။