ယေရမိ 21:11 - Common Language Bible11-12 ထာဝရဘုရားက``ဒါဝိဒ်မင်း၏သားမြေး၊ ယုဒမင်းမျိုးတို့၊ ငါထာဝရဘုရားမိန့် တော်မူသောစကားကိုနားထောင်လော့။ သူ တို့အားသင်တို့သည်နေ့စဉ်ဖြောင့်မတ်စွာ တရားစီရင်ရကြမည်။ လုယူခြင်းခံရသူ အားဖိနှိပ်ချုပ်ချယ်သူ၏ဘေးမှကာကွယ် စောင့်ရှောက်ရကြမည်။ ယင်းသို့မပြုပါမူ သင်တို့၏မကောင်းမှုများသည် ငါ့အမျက် ဒေါသကိုငြိမ်းသတ်၍မရနိုင်သောမီး ကဲ့သို့တောက်လောင်စေလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible11-12 ယု ဒ မင်း ဆွေ၊ မင်း မျိုး အား လည်း ပြန် ကြား ရ မည် မှာ၊ အို ဒါ ဝိဒ် မင်း မျိုး၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ လော့။ သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ အ မျက် တော် မ ငြိမ်း နိုင် သည့် တိုင် အောင်၊ မီး သ ဖွယ် ပေါက် ထွက် တောက် လောင် မည် စိုး၍၊ နံ နက် အ ချိန်၌ တ ရား သ ဖြင့် စီ ရင် လျက်၊ ညှဉ်း ပန်း သူ ၏ လက် တွင်း မှ အ လု အ ယက် ခံ ရ သူ့ ကို ကယ် လွှတ် ကြ ရ မည် ဟူ သော၊ ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို ပြန် ကြား လော့။ အခန်းကိုကြည့်ပါ။Judson Bible11 ယုဒရှင်ဘုရင်အမျိုးကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသော စကားတော်ကို နားထောင်ကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ယုဒဘုရင်၏မင်းမျိုးမင်းနွယ်တို့နှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။