ငါ၏စိတ်နှလုံးသည် ငါ့အထဲ၌ပူလောင်လာ၏။ ငါညည်းညူမြည်တမ်းသောအခါ မီးတောက်လောင်၏။ ထိုအခါ ငါ၏နှုတ်ဖြင့် ငါပြောဆိုသည်မှာ
ယေရမိ 20:9 - မြန်မာ့စံမီသမ္မာကျမ်း ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။ Common Language Bible သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။ Garrad Bible ဗျာ ဒိတ် တော် ကို သ တိ ရ ၍၊ နာ မ တော် နှင့် ဟော ပြော တော့ မည် မ ဟုတ် ဟု၊ အ ကျွန်ုပ် အောက် မေ့ မိ လျှင်၊ မ ချိ မ ဆံ့၊ ချုပ် တည်း မ ရ သည့် တိုင် အောင်၊ အ ရိုး တွင်း ၌ လှောင် ထား သော မီး သ ဖွယ်၊ စိတ် ပူ လောင် လျက် နေ ရ ပါ၏။ Judson Bible ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊ |
ငါ၏စိတ်နှလုံးသည် ငါ့အထဲ၌ပူလောင်လာ၏။ ငါညည်းညူမြည်တမ်းသောအခါ မီးတောက်လောင်၏။ ထိုအခါ ငါ၏နှုတ်ဖြင့် ငါပြောဆိုသည်မှာ
“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ပရောဖက်တို့နှင့်ပတ်သက်၍ ငါ့စိတ်နှလုံးသည် ကျိုးပဲ့လျက်၊ အရိုးရှိသမျှတို့သည်လည်း တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရားကြောင့်၊ သန့်ရှင်းသောစကားတော်ကြောင့် ငါသည် အမူးသမားကဲ့သို့၊ စပျစ်ဝိုင်ယစ်မူးသူကဲ့သို့ ဖြစ်၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။
“အချင်းလူသား၊ ငါပေးသောစာလိပ်ကိုစားပြီး သင့်ဗိုက်ကိုဖြည့်လော့”ဟု ဆို၏။ ငါသည် ထိုစာလိပ်ကိုစားသောအခါ နှုတ်၌ ပျားရည်ကဲ့သို့ချိုမြိန်၏။
ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
ယေရှုကလည်း“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်”ဟု မိန့်တော်မူ၏။
ပေါလုသည် အေသင်မြို့၌ သူတို့ကိုစောင့်နေစဉ် ထိုမြို့သည် ရုပ်တုများနှင့်ပြည့်နေသည်ကိုမြင်၍ မိမိစိတ်တွင် မခံမရပ်နိုင်ဖြစ်ရလေ၏။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။