Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 20:9 - Common Language Bible

9 သို့​ရာ​တွင်``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လိုက်​ပါ​တော့​အံ့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ မ​ဟော​မ​ပြော​လို​တော့​ပြီ'' ဟု ကျွန်​တော်​မျိုး​ဆို​သော​အ​ခါ၊ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​သည် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​အ​တွင်း​၌​မီး​ကဲ့​သို့ တောက်​လောင်​ကာ ကျွန်​တော်​မျိုး​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ကိုယ် အ​တွင်း​၌ ပိတ်​လှောင်​ရန်​ကြိုး​စား​ပါ​သော်​လည်း​ချုပ်​ကိုင်​၍ မ​ထား​နိုင်​တော့​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဗျာ ဒိတ် တော် ကို သ တိ ရ ၍၊ နာ မ တော် နှင့် ဟော ပြော တော့ မည် မ ဟုတ် ဟု၊ အ ကျွန်ုပ် အောက် မေ့ မိ လျှင်၊ မ ချိ မ ဆံ့၊ ချုပ် တည်း မ ရ သည့် တိုင် အောင်၊ အ ရိုး တွင်း ၌ လှောင် ထား သော မီး သ ဖွယ်၊ စိတ် ပူ လောင် လျက် နေ ရ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​ကြောင့်၊ ငါ​သည် နှုတ်​က​ပတ်​တော်​ကို မ​ကြား​မ​ပြော၊ နာ​မ​တော်​ကို​အ​မှီ​ပြု၍ မ​ဟော​ဘဲ​နေ​မည်​ဟု သ​ဘော​ထား​သော်​လည်း၊ ငါ့​အ​ရိုး​တို့၌​ချုပ်​ထား၍၊ လောင်​သော​မီး​ကဲ့​သို့ နှုတ်​က​ပတ်​တော်​သည် ငါ့​နှ​လုံး၌ ဖြစ်​သော​ကြောင့်၊ အ​လွန်​ငြီး​ငွေ့​သ​ဖြင့် အောင့်၍​မ​နေ​နိုင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​က “​ကိုယ်တော်​ကို မ​အောက်မေ့​၊ နာမ​တော်​ဖြင့် မ​ဟောပြော​လို​တော့​ပြီ​”​ဟု ဆို​သော်လည်း ငါ့​စိတ်နှလုံး​ထဲ၌ မီး​တောက်လောင်​သကဲ့သို့ ပူလောင်​၏​။ ငါ့​အရိုး​ထဲထိ ပူလောင်​၏​။ ငါ​မ​ခံ​မ​ရပ်​နိုင်​အောင် ပင်ပန်း​လှ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 20:9
21 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ပူ​ပင်​သော​က​ရောက်​ခဲ့​၏။ စဉ်း​စား​လေ​လေ​ပို​၍​စိတ်​ဒုက္ခ​ရောက်​လေ​လေ ဖြစ်​ခဲ့​၏။ ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​သက်​ရှည်​ပါ မည်​နည်း။ အ​ဘယ်​အ​ခါ​သေ​ရ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​အား​အနိစ္စ​တ​ရား​ကို သိ​စေ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​ငါ​မ​မေး​မ​လျှောက်​ဘဲ​မ​နေ​နိုင်​ပါ။


ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-


ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။


ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား​သော​တန်​ခိုး ဖြင့်​ငါ့​အ​ပေါ်​သက်​ရောက်​၍ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ သည်​စိတ်​နာ​စိတ်​ဆိုး​လျက်​လိုက်​ပါ​သွား​၏။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား​သင့်​အား ငါ​ပေး​သည့်​စာ​လိပ်​ကို​ဝမ်း​ပြည့်​အောင်​စား လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ငါ​သည်​စား လိုက်​သော​အ​ခါ​ထို​စာ​လိပ်​သည်​ပျား​ရည် ကဲ့​သို့​ချို​၏။


ခြင်္သေ့​ဟောက်​လိုက်​လျှင်​မည်​သူ​မ​ကြောက်​ဘဲ နေ​နိုင်​သ​နည်း။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​လျှင် မည် သူ​က​ဗျာ​ဒိတ်​တော်​ကို​မ​ကြွေး​ကြော်​ဘဲ နေ​နိုင်​မည်​နည်း။


ကိုယ်​တော်​က``သင်​သည်​နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​၍​သ​တိ​ပေး​လော့။ ထို​မြို့​သူ​မြို့​သား​တို့​သည်​အ​လွန်​ဆိုး​ယုတ်​ကြ​ကြောင်း​ကို​ငါ​သိ​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။-


သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။


သ​ခင်​ယေ​ရှု​က ``ထွန်​ကိုင်း​ကို​ကိုင်​လျက်​နောက် သို့​လှည့်​ကြည့်​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​အ​တွက်​အ​သုံး​မ​ဝင်'' ဟု​မိန့်​တော်​မူ​၏။


ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-


သိ​လ​နှင့်​တိ​မော​သေ​တို့​မာ​ကေ​ဒေါ​နိ​ပြည် မှ​ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​တ​ရား ဟော​ခြင်း​အ​မှု​ကို​သာ​ဆောင်​ရွက်​လျက် မေ​ရှိ​ယ သည်​သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း​ယု​ဒ​အ​မျိုး သား​တို့​အား​သေ​ချာ​စွာ​ရှင်း​ပြ​၏။-


ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ