တစ်ဖန် ဘုရားသခင်က အာဗြဟံအား “သင်၏မယား စာရဲ ကိုကား သူ၏အမည်ကို စာရဲ ဟုမခေါ်ရ။ သူ၏အမည်မှာ စာရာ ဖြစ်ရမည်။
ယေရမိ 20:3 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် ပါရှုရသည် ယေရမိကိုထိတ်ခတ်ထားရာမှ လွှတ်ပေးသောအခါ ယေရမိက ပါရှုရအား “ထာဝရဘုရားသည် သင်၏အမည်ကို ပါရှုရ ဟု မခေါ်၊ မာဂေါမိဿဘိတ် ဟု မှည့်ခေါ်လေပြီ။ Common Language Bible နောက်တစ်နေ့နံနက်၌ပါရှုရသည်ငါ့အား အနှောင်အဖွဲ့မှလွှတ်လိုက်သောအခါ ငါ က``ထာဝရဘုရားသည်သင့်အားပါရှုရ ဟုအမည်ပေးတော်မမူ။ နေရာတကာ အကြမ်းဖက်သမားဟုမှည့်ခေါ်တော်မူ လေပြီ။- Garrad Bible နောက် နေ့ ၌ ပါ ရှု ရ သည်၊ ထိတ် ကို ချွတ် ၍ လွှတ် သည့် ကာ လ၊ ယေ ရ မိ က၊ သင့် အ မည် ကို ပါ ရှု ရ မ ဟုတ်၊ မာ ဂေါ မိဿ ဘိတ် ဟု ထာ ဝ ရ ဘု ရား သ မုတ် တော် မူ ၏။ Judson Bible နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှလွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့်တော်မူ၏။ |
တစ်ဖန် ဘုရားသခင်က အာဗြဟံအား “သင်၏မယား စာရဲ ကိုကား သူ၏အမည်ကို စာရဲ ဟုမခေါ်ရ။ သူ၏အမည်မှာ စာရာ ဖြစ်ရမည်။
သင်၏အမည်ကို နောက်တစ်ဖန် အာဗြံဟုမခေါ်ရ။ သင်၏အမည်သည် အာဗြဟံဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ။
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
အကြောင်းမူကား “ပတ်လည်၌ကြောက်လန့်စရာရှိ၏”ဟူသည့် များစွာသောသူတို့၏ရှုတ်ချသောစကားကို အကျွန်ုပ်ကြားရပါ၏။ သူတို့သည် အကျွန်ုပ်တစ်ဖက်၌ အတူတကွစုဝေးကြသောအခါ အကျွန်ုပ်၏အသက်ကိုသတ်ရန် ကြံဆကြပါ၏။
ထို့နောက် ငါသည် ပရောဖက်ကတော်ကိုချဉ်းကပ်သဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကိုမွေးဖွားလေ၏။ ထာဝရဘုရားက ငါ့အား “ထိုသား၏အမည်ကို ‘မဟေရရှာလလဟာရှဗတ်’ဟု မှည့်ခေါ်လော့။
အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။
သို့ဖြစ်၍ ထာဝရဘုရားက ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဗင်ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက် ရောက်လာလိမ့်မည်။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
ငါမြင်ရသောအရာကား အဘယ်နည်း။ သူတို့ ကြောက်၍ နောက်ပြန်ဆုတ်ကြပါသည်တကား။ သူတို့၏စစ်သူရဲတို့သည် ချေမှုန်းခြင်းခံရသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ ဘေးလွတ်ရာသို့ထွက်ပြေးကြပါသည်တကား။ ကြောက်လန့်စရာများ ဝိုင်းရံနေပါသည်တကား”ဟု မိန့်တော်မူ၏။
ရန်သူ၌ ဓားပါ၍ ပတ်ပတ်လည်၌ အန္တရာယ်ရှိသောကြောင့် ကွင်းပြင်သို့မသွားနှင့်။ လမ်းမပေါ် မထွက်နှင့်။
သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။
ပွဲတော်နေ့၌ လူတို့ကိုဖိတ်ခေါ်သကဲ့သို့ ကြောက်လန့်ဖွယ်ရာတို့ကို အဘက်ဘက်မှ ကိုယ်တော်ဖိတ်ခေါ်တော်မူပြီ။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူတစ်ယောက်မျှမရှိ။ အကျွန်ုပ်ချီပိုက်၍ကျွေးမွေးစောင့်ရှောက်သောသူတို့ကို ရန်သူတို့ အကုန်အစင်ဖျက်ဆီးလေပြီ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ထို့နောက် သူတို့ကို အပြင်သို့ထုတ်ဆောင်ကာ “အရှင်တို့၊ ကယ်တင်ခြင်းခံရရန် အကျွန်ုပ်မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလေ၏။