အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 20:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပါရှုရ​သည် ပရောဖက်​ယေရမိ​အား ရိုက်နှက်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ အထက်​ဗင်္ယာမိန်​တံခါး​၌ ထိတ်ခတ်​ထား​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ့​အား​ရိုက်​နှက်​ပြီး​လျှင်​ဗိ​မာန်​တော်​အ​တွင်း ဗင်္ယာ​မိန်​အ​ထက်​တံ​ခါး​အ​နီး​တွင် သံ​ကြိုး များ​ဖြင့်​ချည်​နှောင်​၍​ထား​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ပ ရော ဖက် ယေ ရ မိ ကို ကြိမ် ဒဏ် ပေး ၍၊ ဗိ မာန် တော် ရှိ ဗင်္ယာ မိန် အ ထက် တံ ခါး အ နီး၊ ထိတ် ခတ် ၍ ထား ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ရော​ဖက် ယေ​ရ​မိ​ကို​ရိုက်​ပုတ်၍၊ ဗိ​မာန်​တော်​နား​မှာ ဗင်္ယာ​မိန် အ​ထက်​တံ​ခါး​ဝ​တွင် ထိတ်​ခတ်၍​ထား၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 20:2
30 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​၏​လူ​သည် ဗေသလ​မြို့​ရှိ​ယဇ်ပလ္လင်​အား ဆန့်ကျင်​ကြွေးကြော်​ခဲ့​သော​စကား​များ​ကို ယေရောဗောင်​မင်းကြီး​ကြား​လျှင် သူ​သည် ယဇ်ပလ္လင်​ပေါ်တွင်​ရပ်​လျက် လက်​ကို​ဆန့်​ပြီး “​သူ့​ကို ဖမ်း​ကြ​လော့​”​ဟု အမိန့်ပေး​၏​။ ထိုသို့​ဆန့်​လိုက်​သော​လက်​သည် ခြောက်သွား​သဖြင့် ပြန်ရုပ်​၍​မ​ရ​တော့​ချေ​။


‘​ငါ ဘေးကင်း​စွာ​ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်ချ​ထား​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟူ၍ ရှင်ဘုရင်​အမိန့်ပေး​ကြောင်း​ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။


ထိုသို့​ဆင့်ဆို​သောကြောင့် အာသ​မင်းကြီး​သည် စိတ်အာရုံရသူ​ကို အမျက်ထွက်​လေ​၏​။ အမျက်​ပြင်းစွာ​ထွက်​၍ သူ့​ကို ထောင်​ထဲ၌​ထည့်​ထား​လေ​၏​။ ပြည်သား​အချို့​တို့​ကို​လည်း ထို​အချိန်​မှစ၍ အာသ​မင်းကြီး​သည် ညှဉ်းဆဲ​လေ​၏​။


ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က​ထွက်သွား​သနည်း​”​ဟု မေး​၏​။


ထိုအခါ သူ​တို့​သည် ဇာခရိ​ကို​သတ်​ရန် လျှို့ဝှက်ကြံစည်​ကြ​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​တွင်​ပင် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​၏​။


အကျွန်ုပ်​၏​ခြေ​ကို ထိတ်တုံးခတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​သွား​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​၍ အကျွန်ုပ်​ကို ခြေရာခံ​လိုက်​တော်မူ​၏​။


ငါ့​ခြေ​ကို ထိတ်တုံးခတ်​ပြီး ငါ​သွား​သော​လမ်း​ဟူသမျှ​ကို စောင့်ကြည့်​တော်မူ​၏​’​ဟု ဆို​၏​။


သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ ငါ​ရှိ​မည်​ဖြစ်၍ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို​အကြောင်း​တို့​ကို ယုဒ​လူမျိုး​မှူးမတ်​တို့​ကြား​ကြ​သောအခါ ရှင်ဘုရင်​၏​နန်းတော်​မှ ထာဝရဘုရား​၏​အိမ်​တော်​သို့​တက်လာ​ကြ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​တံခါး​သစ်​အဝင်ဝ​၌ ထိုင်​ကြ​၏​။


ယေရမိ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို ပြည်သူပြည်သား​အပေါင်း​တို့​အား ဆင့်ဆို​ပြီး​သောအခါ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် လူ​အပေါင်း​တို့​သည် သူ့​ကို​ဖမ်းဆီး​၍ “​သင်​သည် မုချ​သေ​ရ​မည်​။


ထာဝရဘုရား​သည် ယဇ်ပုရောဟိတ်​ယောယဒ​နေရာ​တွင် သင့်​ကို​ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထား​တော်မူ​ပြီ​။ သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို​ကြီးကြပ်​ရ​သူ​ဖြစ်​ပြီ​။ ပရောဖက်​အယောင်ဆောင်​သော​သူရူး​ရှိသမျှ​တို့​ကို အချုပ်​ထဲတွင် ထိပ်ခတ်​ထား​ရ​မည်​ဟု သင်​ဆို​လေ​ပြီ​။


ရှင်ဘုရင်​သည် သား​တော်​ယေရမေလ​၊ အာဇရေလ​၏​သား​စရာယ​နှင့် အာဗဒေလ​၏​သား​ရှေလမိ​တို့​အား စာရေးတော်ကြီး​ဗာရုတ်​နှင့်​ပရောဖက်​ယေရမိ​တို့​ကို ဖမ်းဆီး​ရန် အမိန့်ပေး​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို ဝှက်​ထား​တော်မူ​၏​။


ဗင်္ယာမိန်​တံခါး​သို့​ရောက်​သောအခါ ဟာနနိယ​မြေး​၊ ရှေလမိ​၏​သား ဣရိယ​အမည်​ရှိ​ကင်းမှူး​သည် ပရောဖက်​ယေရမိ​ကို​ဖမ်း​၍ “​ခါလဒဲ​တပ်​ဘက်​သို့ သင်​ကူးသွား​သည်​မ​ဟုတ်​လော​”​ဟု ဆို​လေ​၏​။


ထို့နောက် ဇေဒကိ​မင်းကြီး​၏​အမိန့်​တော်​ဖြင့် ယေရမိ​ကို ထောင်ဝင်း​ထဲ၌ ထား​ကြ​၏​။ မြို့​ထဲရှိ မုန့်​များ​မ​ရှိ​တော့​သည်​အထိ သူ့​အား မုန့်ဖုတ်တန်း​မှ မုန့်​တစ်​လုံး​ကို နေ့စဉ်​ပေး​ရ​၏​။ ဤသို့ ယေရမိ​သည် ထောင်ဝင်း​ထဲ၌ နေ​ရ​လေ​၏​။


ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။


ထိုအခါ ခြံသမား​တို့​သည် ထို​သူ​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​၍ တစ်​ဦး​ကို​ရိုက်နှက်​ကာ အခြား​တစ်​ဦး​ကို​သတ်ဖြတ်​လျက် တစ်​ဦး​ကို​မူ ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။


တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ မိုးချုပ်​ပြီ​ဖြစ်​သဖြင့် နောက်တစ်နေ့​တိုင်အောင် အချုပ်​ထောင်​ထဲ၌​ထည့်​ထား​ကြ​၏။


တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ ပြည်သူ့​အချုပ်​ထောင်​ထဲ၌ ထည့်​ထား​ကြ​၏။


ထို့နောက် တမန်တော်​တို့​ကို​ခေါ်​လျက် ရိုက်နှက်​ပြီးမှ ယေရှု​၏​နာမ​ကို​အမှီပြု၍ ဟောပြော​သွန်သင်​ခြင်း​မ​ပြု​ရန် အမိန့်​ပေး​ကာ ပြန်လွှတ်​လိုက်​ကြ​၏။


သင်​တို့​ဘိုးဘေး​များ မ​ညှဉ်းဆဲ​ခဲ့​သော​ပရောဖက်​တစ်ပါးပါး​ရှိ​သလော။ သူ​တို့​သည် ဖြောင့်မတ်​သော​အရှင်​ကြွလာ​မည့်​အကြောင်း ကြိုတင်​ဟောပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယခု သင်​တို့​သည် ထို​ဖြောင့်မတ်​သော​အရှင်​ကို သစ္စာဖောက်​သော​သူ​နှင့် သတ်ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။


ထို​မိန်းမ​သည် သန့်ရှင်း​သူ​တို့​၏​သွေး​နှင့် ယေရှု​၏​သက်သေ​များ​၏​သွေး​တို့​ဖြင့် ယစ်မူး​နေ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သူ့​ကို​မြင်​ရ​သောအခါ အလွန်​အံ့ဩ​မိ​၏။


သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။