အပြစ်မဲ့သောဆင်းရဲသားတို့ဖောက်ထွင်းသည်ကို သင်မတွေ့။ သို့သော် သင့်အဝတ်အောက်စွန်း၌ သူတို့၏သွေးစွန်းသည်ကို တွေ့ရ၏။ ထိုသို့ဖြစ်လျက်နှင့်ပင်
ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
၎င်း ပြင်၊ ဖောက် ထွင်း မှု ဖြင့် ငါ မ တွေ့၊ သင့် အ ဝတ် မြိတ် ရှိ သ မျှ ၌၊ အ ပြစ် ကင်း သော ဆင်း ရဲ သား အ သွေး ကို ငါ တွေ့ လျက် ပင်၊
ထိုမှတစ်ပါး၊ အနိုင်အထက်ပြုသည်ကို သင်မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသော အသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏။
မနာရှေမင်းကြီးသည် ယုဒလူမျိုးတို့အား ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုကိုပြု၍ပြစ်မှားရာရောက်စေခဲ့၏။ ဂျေရုဆလင်မြို့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ အပြစ်ကင်းသောသူတို့၏အသက်ကိုသတ်သောအပြစ်များနှင့် များပြားပြည့်လျှံစေခဲ့၏။
မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
တစ်စုံတစ်ဦးသည် နွား၊ သို့မဟုတ် သိုးကို ခိုးယူ၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ နွားတစ်ကောင်အတွက် နွားငါးကောင်၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို အလျော်ပေးရမည်။
သူခိုးသည် ဖောက်ထွင်းစဉ် အဖမ်းခံရ၍ သူ့ကိုရိုက်နှက်သဖြင့် သူသေသွားလျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်မရှိ။
ဝက်သစ်ချပင်တို့ကြား၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ရမ္မက်မီးတောက်လောင်သောသူများ၊ လျှိုမြောင်ရှိ ကျောက်တောင်အက်ကွဲကြောင်းများတွင် သားသမီးများကို သတ်ဖြတ်ပူဇော်သောသူများ ဖြစ်ကြသည်မဟုတ်လော။
သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေးသွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင်မြန်၏။ သူတို့၏အကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။
အချစ်ရှာနည်းကို သင်ကျွမ်းကျင်လှပါသည်တကား။ ဆိုးသောမိန်းမတို့ကိုလည်း သင်၏နည်းလမ်းတို့ကို သင်ကြားပေးပါသည်တကား။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် သားသမီးများကို မီးရှို့ပူဇော်ရန် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိ တောဖက်ဟူသောနေရာတွင် အထွတ်အမြတ်ထားရာကုန်းမြင့်များကို တည်ကြပြီ”ဟု မိန့်တော်မူ၏။
ဧည့်သည်၊ ဖတဆိုး၊ မုဆိုးမတို့ကိုမနှိပ်စက်၊ အပြစ်မဲ့သူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ့်ကိုဒုက္ခပေးမည့် အခြားဘုရားများနောက်သို့မလိုက်ဘဲနေလျှင်
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
သူတို့သည် လမ်းများပေါ်တွင် မမြင်မကန်းလှည့်လည်သွားလာနေကြ၏။ သူတို့သည် သွေးဖြင့်ညစ်စွန်းနေသောကြောင့် မည်သူမျှသူတို့အဝတ်ကို မထိဝံ့ကြ။
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။
ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။
ထိုမြို့တွင် လူအသက်သတ်သောသွေး စွန်းလျက်ရှိ၏။ ထိုသွေးသည် မြေပေါ်တွင်ကျသည်မဟုတ်။ ရှင်းလင်းနေသောကျောက်ပေါ်တွင် ကျ၏။ မြေမှုန့်နှင့် ဖုံး၍မရ။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။