မြည်တမ်းစကား 4:14 - မြန်မာ့စံမီသမ္မာကျမ်း14 သူတို့သည် လမ်းများပေါ်တွင် မမြင်မကန်းလှည့်လည်သွားလာနေကြ၏။ သူတို့သည် သွေးဖြင့်ညစ်စွန်းနေသောကြောင့် မည်သူမျှသူတို့အဝတ်ကို မထိဝံ့ကြ။ အခန်းကိုကြည့်ပါ။Common Language Bible14 မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှ မတို့မထိချင်အောင်သွေးများပေကျံလျက် လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14-16 ထို ပ ရော ဟိတ် နှင့် အ ကြီး အ ကဲ တို့ သည်၊ ရို သေ သူ၊ အား နာ သူ ကင်း လျက်၊ အ ဝတ် ကို မျှ လူ တို့ မ ထိ ဝံ့ သည့် တိုင် အောင်၊ အ သွေး စွန်း ကွက် လျက်၊ မျက် မ မြင် တို့ ကဲ့ သို့ စမ်း ယမ်း သွား လာ ရ ကြ၏။ ထွက် သွား ကြ လော့။ သင် တို့ မ သန့်၊ ထွက် သွား၊ ထွက် သွား လော့။ မ ထိ ခိုက် ကြ လင့် ဟု ခြိမ်း ချောက် သည့် အ တိုင်း၊ အ ခြား ပြည် သို့ ပြေး သွား ကြ သော်၊ ဤ တွင် မ နေ ရ ဟု၊ ထို ပြည် သား တို့ မြစ် တား ကြ ပြန်၏။ ထာ ဝ ရ ဘု ရား ကိုယ် တော် တိုင် ပင် ကွဲ လွင့် စေ သည့် အ လျောက်၊ နောင် အ ရေး ယူ တော် မူ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုသူတို့သည် အရူးကဲ့သို့လမ်း၌လှည့်လည်၍၊ လူအသွေးနှင့် လူးသောကြောင့်၊ သူတို့အဝတ်ကို အဘယ်သူမျှ မထိဝံ့။ အခန်းကိုကြည့်ပါ။ |