အဘယ်ကြောင့် ငါ့ကိုရန်တွေ့ကြသနည်း။ သင်တို့အားလုံးသည် ငါ့ကို ပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အားလုံးပင်ငါ့ကိုပုန်ကန်ကြလေပြီ။ သင်တို့သည်ငါ့ကို အဘယ်သို့မကျေမနပ် ဖြစ်ကြသနည်း'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
ငါ့ ကို ပုန် ကန် သူ အ ပေါင်း တို့၊ ငါ နှင့် အ ဘယ် ကြောင့် လဲ လျှောက် တော့ သ နည်း ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး လေ ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အဘယ်အကျိုးအလိုငှာ ငါနှင့် တရားတွေ့ကြမည်နည်း။ သင်တို့ရှိသမျှသည် ငါ့ကို ပြစ်မှားကြပြီ။
“သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။
သင်က ‘ငါ၌ အပြစ်မရှိ။ အမျက်တော်သည် အမှန်ပင် ငါ့ထံမှလှည့်သွားပြီ’ဟု ဆို၏။ ငါသည်‘အပြစ်မပြု’ဟု သင်ဆိုသောကြောင့် သင့်ကို ငါတရားစီရင်မည်။
တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။
ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ခေါက်တုံ့ခေါက်ပြန်သွားလာလျက် ကြည့်ရှုလော့။ ဆင်ခြင်သုံးသပ်လော့။ ထိုမြို့၏လမ်းဆုံလမ်းခွများ၌ ရှာဖွေလော့။ တရားမျှတစွာပြုသောသူ၊ သစ္စာတရားကိုရှာဖွေသောသူတစ်ဦးတစ်ယောက်တွေ့လျှင်ပင် ထိုမြို့ကို ငါခွင့်လွှတ်မည်။
“အဘယ်ကြောင့်ဆိုသော် အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် ထိုသူအပေါင်းတို့သည် မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်၍ လမ်းလွဲကြပါပြီ။ ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကိုပြစ်မှားကြသောကြောင့် ကိုယ်တော်၏အစေအပါးမောရှေရေးမှတ်ထားသောပညတ္တိကျမ်းတွင်ပါသည့် တိုင်တည်ကျိန်ဆိုခြင်းကို ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မူပြီ။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။