ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ယေရမိ 19:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။ Common Language Bible ရန်သူတို့သည်မြို့ကိုဝိုင်းရံတိုက်ခိုက်ကာ သူ တို့အားသတ်ဖြတ်ရန်ကြိုးစားကြလိမ့်မည်။ သူတို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်စားကြလိမ့်မည်။ မိမိတို့သားသမီး များကိုပင်စားကြလိမ့်မည်'' ဟုဆင့်ဆို ပြောကြားရန်ငါ့အားမိန့်တော်မူ၏။ Garrad Bible ၎င်း ပြင်၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ သည်၊ ကျပ် တည်း ကျဉ်း မြောင်း စွာ ဝန်း ဝိုင်း ကြ သည့် ကာ လ၊ ကိုယ့် သား သ မီး နှင့် အ ပေါင်း အ ဖော် တို့ အ သား ကို၊ အ သီး အ သီး စား ရ ကြ သည့် တိုင် အောင်၊ ငါ စီ ရင် မည် ဟု မိန့် တော် မူ ကြောင်း ကြော် ငြာ လော့။ Judson Bible သတ်ခြင်းငှာ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက်နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်းချင်းတစ်ယောက်အသားကို တစ်ယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊ |
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
“အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။
အို ထာဝရဘုရား၊ ကြည့်ရှု၍ဆင်ခြင်တော်မူပါ။ ကိုယ်တော်သည် မည်သူ့ကို ဤကဲ့သို့ပြုတော်မူခဲ့သနည်း။ အလိုလေး၊ မိန်းမတို့သည် မိမိရင်ခွင်ပိုက်ကလေးငယ်၏အသားကို စားရတော့မည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့လည်း ဘုရားရှင်၏သန့်ရှင်းရာဌာနတော်၌ ကွပ်မျက်ခံရတော့မည်လော။
သနားကြင်နာတတ်သောမိန်းမများပင်လျှင် မိမိရင်သွေးများ၏အသားကို ချက်ပြုတ်စားကြပြီ။ ငါ့လူမျိုးသမီးပျိုသည် ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့ရင်သွေးသည် သူတို့အတွက် စားစရာဖြစ်လေပြီ။
သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။