ယေရမိ 17:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ငါ့အား “ယုဒဘုရင်များ ဝင်ထွက်သွားလာရာ ပြည်သူ့တံခါးဝနှင့် ဂျေရုဆလင်မြို့တံခါးဝအားလုံး၌ သွားရပ်၍ Common Language Bible ထာဝရဘုရားသည် ငါ့အား``ယေရမိ၊ ယုဒ ဘုရင်များထွက်ဝင်ရာ၊ ပြည်သူ့မြို့တံခါး သို့သွား၍ဗျာဒိတ်တော်ကိုကြေညာလော့။ ထိုနောက်ယေရုရှလင်မြို့ရှိအခြားမြို့ တံခါးများသို့သွားလော့။- Garrad Bible ငါ့ အား ထာ ဝ ရ ဘု ရား က၊ ယု ဒ ဘု ရင် အ ဆက် အ ဆက် တို့ ဝင် ထွက် လေ့ ရှိ သော၊ အ မျိုး သား တို့၏ တံ ခါး ဝ မှ စ၍၊ ယေ ရု ရှ လင် မြို့ တံ ခါး ဝ တိုင်း သို့ သွား ရောက် ရပ် နေ လျက်၊ Judson Bible ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင်မြို့တံခါးဝ၌ သွား၍ရပ်လျက်၊ |
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
‘ဤမြို့တံခါးဖြင့် ဝင်ထွက်သွားလာကြသော ယုဒဘုရင်နှင့် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ထိုအခါ ဗာရုတ်သည် စာလိပ်ပါယေရမိဆင့်ဆိုသောစကားများကို လူအားလုံးကြားသိစေရန် ထာဝရဘုရား၏အိမ်တော်ရှိ ဂေမရိ၏သား စာရေးတော်ကြီးရှာဖန်၏အခန်းမှနေ၍ ဖတ်ပြလေ၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အထက်ဝင်းတံခါးသစ်အဝင်ဝနားတွင်ရှိ၏။
ထို့ကြောင့် ငါ့နှုတ်မှခေါ်ပေး၍ စာလိပ်ထဲ၌သင်ရေးထားခဲ့သည့် ထာဝရဘုရား၏စကားတော်များကို အစာရှောင်မည့်နေ့တွင် သင်သွား၍ ထာဝရဘုရား၏အိမ်တော်ရှိလူတို့ကြားသိစေရန် ဖတ်ပြရမည်။ ထို့ပြင် ကိုယ့်မြို့အသီးသီးမှရောက်လာကြသော ယုဒလူမျိုးအားလုံးတို့ ကြားသိစေရန် ဖတ်ပြရမည်။
“သင်သည် ထာဝရဘုရား၏အိမ်တော်တံခါးဝ၌ ရပ်လျက် ‘ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရန် ဤတံခါးကိုဖြတ်၍ ဝင်လာသော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့’ဟူသော ဤသတင်းစကားကို ကြေညာလော့”ဟု မိန့်ဆို၏။
“သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။