သင်သည် မှော်အတတ်မည်မျှပင်တတ်သော်လည်း၊ သင်၏ဂါထာမန္တန်မည်မျှပင်စွမ်းသော်လည်း သားသမီးဆုံးရှုံးခြင်း၊ မုဆိုးမဖြစ်ခြင်း နှစ်မျိုးလုံးသည် တစ်နေ့တည်း တစ်ခဏချင်းတွင် သင့်ထံရောက်လာမည်။ မလွဲမသွေရောက်လာမည်။
ယေရမိ 15:9 - မြန်မာ့စံမီသမ္မာကျမ်း “သားခုနစ်ယောက်မိခင်သည် အားလျော့၍ အသက်ငင်လေပြီ။ နေ့အချိန်၌ပင် သူ့ဘဝနေဝင်ချိန်ရောက်လေပြီ။ သူသည် အရှက်ကွဲသောသူ၊ မျက်နှာပျက်သောသူ ဖြစ်ရလေပြီ။ သူတို့ထဲမှကြွင်းကျန်သောသူတို့ကိုလည်း သူတို့ရန်သူတို့၏ဓားဖြင့် ဆုံးစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible သားသမီးခုနစ်ယောက်ဆုံးရှုံးရသည့်မိခင်သည် မေ့မြောသေဆုံးသွားလေပြီ။ သူ၏နေ့အလင်းသည်မှောင်မိုက်သို့ပြောင်းလဲ လေပြီ။ သူသည်အရှက်ရလျက်မှိုင်တွေကာနေရလေပြီ။ သင်တို့အနက်အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အားငါသည် ရန်သူများကိုအသတ်ခိုင်းမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။'' Garrad Bible သား ခု နစ် ယောက် တို့ အ မိ သည် အ ကျိုး ယုတ် ရှက် ကွဲ လျက်၊ အား လျော့ မူး မော် လေ ပြီ။ နေ့ အ ချိန် ရှိ သေး လျက် ပင်၊ ထို အ မိ၌ နေ ဝင် ရှာ၏။ အ ကြွင်း အ ကျန် ကို လည်း၊ ရန် သူ တို့ ဓား ဘေး သို့ ငါ အပ် နှင်း မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို ရန်၊ ငါ့ အား မိန့် တော် မူ ၏။ Judson Bible သားခုနစ်ယောက်ကို ဖွားမြင်သောမိန်းမသည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန်မရောက်မီ သူ၏နေဝင်လေ၏။ သူသည် ရှက်ကြောက်မှိုင်တွေလျက်နေရ၏။ ကျန်ကြွင်းသောသူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ဓား၌ငါအပ်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
သင်သည် မှော်အတတ်မည်မျှပင်တတ်သော်လည်း၊ သင်၏ဂါထာမန္တန်မည်မျှပင်စွမ်းသော်လည်း သားသမီးဆုံးရှုံးခြင်း၊ မုဆိုးမဖြစ်ခြင်း နှစ်မျိုးလုံးသည် တစ်နေ့တည်း တစ်ခဏချင်းတွင် သင့်ထံရောက်လာမည်။ မလွဲမသွေရောက်လာမည်။
ဤအရပ်၌ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့၏အကြံအစည်များကို ပျက်ပြားစေမည်။ သူတို့ကို ရန်သူတို့ရှေ့တွင် ဓားဖြင့်ကျဆုံးစေမည်။ သူတို့၏အသက်ကို ရန်ရှာသောသူတို့လက်ဖြင့် ကျဆုံးစေမည်။ အလောင်းကောင်တို့ကို မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်စေမည်။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
ကြည့်ရှုလော့။ သူတို့ကို အကောင်း မဟုတ်၊ အဆိုးပြုရန် ငါကြည့်နေ၏။ အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့ တစ်ယောက်မကျန် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဖျက်ဆီးခြင်းခံရမည်။
သင်တို့အမိသည် အရှက်တကွဲအကျိုးနည်း ဖြစ်ရလိမ့်မည်။ သင်တို့ကို မွေးဖွားသောအမိသည် မျက်နှာပျက်ရလိမ့်မည်။ ကြည့်ရှုလော့။ တိုင်းနိုင်ငံတို့တွင် သင်တို့သည် အသိမ်ငယ်ဆုံးသောနိုင်ငံ၊ တောကန္တာရ၊ ခြောက်သွေ့သောလွင်ပြင် ဖြစ်လိမ့်မည်။
ဇိအုန်မြို့ကို စစ်တိုက်ရန် ပြင်ဆင်ကြ။ ထကြ။ မွန်းတည့်ချိန်၌ စစ်ချီကြစို့။ အလို ငါတို့ခက်ပြီ။ ညနေစောင်းပြီ။ နေဝင်တော့မည်။ နေ့အချိန်ကုန်လွန်ပြီ။
ဤသို့ပြုခြင်းမှာ ငါ့ကို အမျက်ထွက်စေသည်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြသည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
သနားကြင်နာတတ်သောမိန်းမများပင်လျှင် မိမိရင်သွေးများ၏အသားကို ချက်ပြုတ်စားကြပြီ။ ငါ့လူမျိုးသမီးပျိုသည် ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့ရင်သွေးသည် သူတို့အတွက် စားစရာဖြစ်လေပြီ။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
ကြွယ်ဝသောသူတို့သည် စားသောက်ရဖို့ သူရင်းငှား လုပ်ရလေပြီ။ ဆာလောင်မွတ်သိပ်သောသူတို့မူကား ဝလင်ကြပြီ။ မြုံသောမိန်းမသည် ခုနစ်ကြိမ်တိုင်အောင် သားဖွားခွင့်ရပြီ။ သားများစွာဖွားခဲ့သောမိန်းမမူကား အားယုတ်လေပြီ။