အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ယေရမိ 15:2 - မြန်မာ့စံမီသမ္မာကျမ်း သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။ Common Language Bible သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။'' Garrad Bible မည် သည့် အ ရပ် သို့ သွား ကြ ရ အံ့ နည်း ဟု မေး ကြ လျှင်၊ သင် က၊ သေ ဘေး ခံ သင့် သူ တို့ သည် သေ ခြင်း သို့ လည်း ကောင်း၊ ဓား ဘေး ခံ သင့် သူ တို့ သည် လုပ် ကြံ ခြင်း သို့ လည်း ကောင်း၊ အ စာ ခေါင်း ပါး ဘေး ခံ သင့် သူ တို့ သည် အ စာ ခေါင်း ပါး ခြင်း သို့ လည်း ကောင်း၊ သုံ့ ပန်း ဘေး ခံ သင့် သူ တို့ သည် သုံ့ ပန်း ခြင်း သို့ လည်း ကောင်း၊ သွား ကြ စေ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန်သောသူတို့သည် သေခြင်းသို့လည်းကောင်း၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့လည်းကောင်း၊ ငတ်မွတ်တန်သောသူတို့သည် ငတ်မွတ်ခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း ထွက်သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အားဆင့်ဆိုလော့။ |
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။
သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဤအရပ်၌ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့၏အကြံအစည်များကို ပျက်ပြားစေမည်။ သူတို့ကို ရန်သူတို့ရှေ့တွင် ဓားဖြင့်ကျဆုံးစေမည်။ သူတို့၏အသက်ကို ရန်ရှာသောသူတို့လက်ဖြင့် ကျဆုံးစေမည်။ အလောင်းကောင်တို့ကို မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်စေမည်။
သူသည် ရောက်လာ၍ အီဂျစ်ပြည်ကို တိုက်ခိုက်လိမ့်မည်။ သေဘေးသင့်သောသူတို့အား သေခြင်းသို့လည်းကောင်း၊ ဖမ်းခေါ်သွားခြင်းဘေးသင့်သောသူတို့အား ဖမ်းခေါ်သွားခြင်းသို့လည်းကောင်း၊ ဓားဘေးသင့်သောသူတို့အား ဓားဘေးသို့လည်းကောင်း အပ်လိမ့်မည်။
ငါသည် သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ ငါလုပ်ပြသည့်အတိုင်း သူတို့ကြုံတွေ့ရလိမ့်မည်။ သုံ့ပန်းအဖြစ် လိုက်သွားရလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
မြို့ကိုဝိုင်းထားသောနေ့စေ့သောအခါ ထိုအထဲမှ သုံးပုံတစ်ပုံကို မြို့ထဲတွင် မီးရှို့ပစ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို မြို့ထဲလှည့်လည်၍ ဓားဖြင့်ခုတ်ဖြတ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို လေထဲသို့လွှင့်ပစ်လိုက်လော့။ ငါသည် ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ထို့နောက် ငါက “သင်တို့ကို ငါထိန်းကျောင်းတော့မည်မဟုတ်။ သေမည့်အကောင်လည်း သေပါစေ။ အသတ်ခံရမည့်အကောင်လည်း အသတ်ခံရပါစေ။ ကျန်သောအကောင်တို့သည်လည်း အချင်းချင်း၏အသားကို ကိုက်စားကြပါစေ”ဟု ဆိုပြီးလျှင်
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည့်သူသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်၏။ ဓားဖြင့်အသေသတ်ခြင်းခံရမည့်သူသည် ဓားဖြင့်အသေသတ်ခြင်းကိုခံရမည်ဖြစ်၏။ ဤနေရာတွင် သန့်ရှင်းသူတို့၏သည်းခံခြင်းနှင့်သစ္စာစောင့်ခြင်းတို့ရှိကြ၏။