အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 14:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြည်းရိုင်း​တို့​သည် တောင်ကတုံး​ပေါ်၌​ရပ်​၍ ခွေးအ​ကဲ့သို့ အသက်ရှူ​ကြ​၏​။ မြက်​မ​စား​ရ​သောကြောင့် မျက်စိမှုန်ဝေ​ကြ​ကုန်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မြင်း​ရိုင်း​တို့​သည်​တောင်​ထိပ်​များ​တွင်​ရပ်​လျက် ခွေး​အ​များ​ကဲ့​သို့​အ​သက်​လု​၍​ရှူ​နေ​ကြ​၏။ သူ​တို့​သည်​အ​စာ​ငတ်​မှု​ကြောင့်​မျက်​စိ​များ မှုံ​ဝေ​လျက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

မြည်း ရိုင်း များ လည်း၊ ခွေး အ သ ဖွယ် လေ ကို ဟပ် ရှူ၍၊ မြက် ပင် မ ရှိ သည့် အ တွက် မျက် စိ အား ကုန် လျက်၊ ကုန်း ထိပ် များ ပေါ် တွင် နေ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မြည်း​ရိုင်း​တို့​သည် မြင့်​သော​အ​ရပ်​ပေါ်​မှာ ရပ်​လျက် မြေ​ခွေး​ကဲ့​သို့ လေ​ကို​ရှူ​ကြ၏။ မြက်​မ​ရှိ​သော​ကြောင့်၊ သူ​တို့​မျက်​စိ​ပျက်​လေ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 14:6
7 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား နန်းတော်​သည် စွန့်ထား​ခြင်း​ခံရ​၍ လူ​စည်ကား​သော​မြို့​သည် စွန့်ခွာ​ခြင်း​ခံရ​မည်​။ ရဲတိုက်​၊ ကင်းစောင့်မျှော်စင်​တို့​သည် သားရဲ​တို့​အစဉ်​ခိုအောင်းရာ ဖြစ်သွား​လိမ့်မည်​။ မြည်းရိုင်း​များ​နေပျော်​ရာ​၊ တိရစ္ဆာန်​တို့​ကျက်စား​ရာ ဖြစ်​လိမ့်မည်​။


ရာဂစိတ်​ထကြွ​နေ​သော​၊ တောကန္တာရ​၌​ကျက်စား​နေ​သော မြည်းရိုင်းမ​ပါ​တကား​။ မိတ်လိုက်​ချိန်​၌ သူ့​ကို အဘယ်သူ ထိန်းချုပ်​နိုင်​သနည်း​။ မိတ်လိုက်​ချိန်​၌ သူ့​ကို​အပင်ပန်းခံ​ပြီး​ရှာစရာ​မ​လို​ဘဲ တွေ့​လိမ့်မည်​။


ငါ​တို့​သည် ကူညီမစ​ခြင်း​ကို အချည်းနှီး​စောင့်မျှော်​လျက် ငါ​တို့​မျက်စိ​သည် အားအင်ကုန်ခန်း​လေ​ပြီ​။ မ​ကယ်တင်​နိုင်​သော​လူမျိုးခြား​ကို စောင့်မျှော်​နေ​မိ​ပြီ​။


ထို​အမှု​ကြောင့် အကျွန်ုပ်​တို့​၏​စိတ်နှလုံး​သည် ညှိုးငယ်​လေ​ပြီ​။ ထို​အမှု​များ​ကြောင့် အကျွန်ုပ်​တို့​၏​မျက်စိ​သည် မှုန်ဝါး​လေ​ပြီ​။


တိရစ္ဆာန်​များ​လည်း ညည်းတွား​ရ​လေ​ပြီ​။ စားကျက်မြေ မ​ရှိ​တော့​သဖြင့် တိရစ္ဆာန်အုပ်​များ တဝဲလည်လည်​ဖြစ်​ရ​လေ​ပြီ​။ သိုးအုပ်​များ​လည်း ဒုက္ခရောက်​လေ​ပြီ​။


ယောနသန်​က​လည်း “​ငါ့​ခမည်းတော်​သည် ပြည်သား​တို့​ကို ဒုက္ခပေး​လေ​ပြီ​။ ယခု ကြည့်​ကြ​လော့​။ ဤ​ပျားရည်​အနည်းငယ်​ကို ငါ​မြည်းစမ်း​ကြည့်​သောအခါ ငါ​အားပြည့်လန်းဆန်း​လာ​ပြီ​။