ယေရမိ 14:6 - Common Language Bible6 မြင်းရိုင်းတို့သည်တောင်ထိပ်များတွင်ရပ်လျက် ခွေးအများကဲ့သို့အသက်လု၍ရှူနေကြ၏။ သူတို့သည်အစာငတ်မှုကြောင့်မျက်စိများ မှုံဝေလျက်နေကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 မြည်း ရိုင်း များ လည်း၊ ခွေး အ သ ဖွယ် လေ ကို ဟပ် ရှူ၍၊ မြက် ပင် မ ရှိ သည့် အ တွက် မျက် စိ အား ကုန် လျက်၊ ကုန်း ထိပ် များ ပေါ် တွင် နေ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible6 မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှူကြ၏။ မြက်မရှိသောကြောင့်၊ သူတို့မျက်စိပျက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 မြည်းရိုင်းတို့သည် တောင်ကတုံးပေါ်၌ရပ်၍ ခွေးအကဲ့သို့ အသက်ရှူကြ၏။ မြက်မစားရသောကြောင့် မျက်စိမှုန်ဝေကြကုန်၏။ အခန်းကိုကြည့်ပါ။ |
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။