သင်သည် မိမိခေါင်းပေါ်၌ လက်ကိုတင်လျက် ထိုပြည်မှထွက်သွားရလိမ့်မည်။ ထာဝရဘုရားသည် သင်ကိုးစားသောသူတို့ကို ပယ်တော်မူပြီဖြစ်၍ သင်သည် သူတို့အားဖြင့် ကောင်းစားလိမ့်မည်မဟုတ်။
ယေရမိ 14:4 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးပေါ်၌ မိုးမရွာဘဲ မြေအက်ကွဲသောကြောင့် လယ်သမားတို့သည် ရှက်ရှက်နှင့် ခေါင်းခြုံထားကြ၏။ Common Language Bible မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။ လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။ Garrad Bible နေ ပြည် တွင် မိုး မ ရွာ သ ဖြင့်၊ အက် ကွဲ သော မြေ ကို ထောက်၍၊ တောင် သူ တို့ လည်း၊ ကျိုး ယုတ် စွာ ဦး ခေါင်း ခြုံ ရ ကြ၏။ Judson Bible မိုးပြတ်၍မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက်ကြ၏။ |
သင်သည် မိမိခေါင်းပေါ်၌ လက်ကိုတင်လျက် ထိုပြည်မှထွက်သွားရလိမ့်မည်။ ထာဝရဘုရားသည် သင်ကိုးစားသောသူတို့ကို ပယ်တော်မူပြီဖြစ်၍ သင်သည် သူတို့အားဖြင့် ကောင်းစားလိမ့်မည်မဟုတ်။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
အို လယ်လုပ်သားတို့၊ ရှက်ကြလော့။ အို စပျစ်ခြံလုပ်သားတို့၊ ညည်းတွားကြလော့။ အကြောင်းမူကား လယ်မြေတွင် ရိတ်သိမ်းစရာ ဂျုံစပါး၊ မုယောစပါးတို့ ပျက်စီးလေပြီ။
မျိုးစေ့တို့သည် မြေစိုင်မြေခဲများအောက်တွင် ရှုံ့တွလေပြီ။ ကောက်နှံပင်တို့ ခြောက်သွေ့ကုန်သဖြင့် သိုလှောင်ရုံများလည်း ပြိုပျက်ကုန်ပြီ။ စပါးကျီများလည်း ပျက်စီးကုန်ပြီ။
ထိုသို့ဖြစ်သည့်တိုင်အောင် သင်တို့သည် ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်အတွက် သင်တို့အား အပြစ်ဒဏ်ခုနစ်ဆ ထပ်၍ပေးမည်။
မြို့နှစ်မြို့သုံးမြို့မှလူတို့သည် ရေသောက်ရန် မြို့တစ်မြို့သို့သွားသော်လည်း ရေကို အလုံအလောက်မသောက်ရ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။