Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 14:4 - Common Language Bible

4 မိုး​ခေါင်​သ​ဖြင့်​မြေ​ကြီး​သည်​ခြောက်​ကပ် လျက်​နေ​၏။ လယ်​သ​မား​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​သော ကြောင့် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 နေ ပြည် တွင် မိုး မ ရွာ သ ဖြင့်၊ အက် ကွဲ သော မြေ ကို ထောက်၍၊ တောင် သူ တို့ လည်း၊ ကျိုး ယုတ် စွာ ဦး ခေါင်း ခြုံ ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မိုး​ပြတ်၍​မြေ​အက်​ကွဲ​သော​ကြောင့်၊ လယ်​လုပ်​သော သူ​တို့​သည် ဦး​ခေါင်း​ကို​ခြုံ​လျက် ရှက်​ကြောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 မြေကြီး​ပေါ်၌ မိုး​မ​ရွာ​ဘဲ မြေ​အက်ကွဲ​သောကြောင့် လယ်သမား​တို့​သည် ရှက်ရှက်​နှင့် ခေါင်းခြုံ​ထား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 14:4
10 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​အ​ရှက်​ကွဲ​လျက်​ခေါင်း​ငိုက်​စိုက်​နှင့် အီ​ဂျစ်​ပြည်​မှ​ပြန်​လာ​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သင်​အား​ကိုး​သူ​တို့​ကို​ပစ်​ပယ် တော်​မူ​ပြီ။ သူ​တို့​ထံ​မှ​သင်​သည်​အ​ဘယ် အ​ကျိုး​ကို​မျှ​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။''


ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​မိုး​ဦး​ကို​ခေါင် စေ​၍ မိုး​နှောင်း​ကို​လည်း​မ​ရွာ​ဘဲ​နေ​စေ​ခြင်း ဖြစ်​၏။ သင်​သည်​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင် လျက်​ရှိ​၏။ သင်​၌​အ​ရှက်​အ​ကြောက်​မ​ရှိ တော့​ပေ။


အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။ ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။ ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။


မျိုး​စေ့​တို့​သည်​မြေ​ခြောက်​အောက်​တွင်​ပုပ်​ပျက်​၍​သွား​ကြ​၏။ သို​လှောင်​ရန်​ဂျုံ​ဆန်​မ​ရှိ​တော့​သ​ဖြင့် ဟာ​လာ​ဟင်း​လင်း​ဖြစ်​လျက်​နေ​သော​စ​ပါး​ကျီ​များ​သည်​ယို​ယွင်း​ပျက်​စီး​၍​နေ​ကြ​၏။


``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-


ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။


လယ်​မြေ​များ​တွင်​ကန့်​နှင့်​ဆား​ပေါက်​စေ သ​ဖြင့် တော​ကန္တာရ​အ​တိ​ဖြစ်​လိမ့်​မည်။ မည် သည့်​အ​ပင်​ကို​မျှ​စိုက်​ပျိုး​၍​မ​ရ။ ပေါင်း ပင်​များ​ပင်​လျှင်​မ​ပေါက်​နိုင်။ သင်​တို့​ပြည် သည်​ထာ​ဝ​ရ​ဘု​ရား​ပြင်း​စွာ​အ​မျက် ထွက်​၍ ဖျက်​ဆီး​ခဲ့​သော​သော​ဒုံ​နှင့်​ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​ဇေ​ဘိုင်​မြို့ များ​ကဲ့​သို့​ပျက်​စီး​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ