ကြွင်းကျန်သောသူ မရှိရ။ စစ်ကြောစီရင်ချိန်ရောက်လျှင် အာနသုတ်မြို့သားတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
အာနသုတ်မြို့သားတို့ပေါ်သို့ဘေးအန္တရာယ် ဆိုးကျရောက်လာသောနေ့ကိုငါသတ်မှတ် ပြီ။ ထိုနေ့၌သူတို့တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက်ကျန်ရှိမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ဒဏ် စီ ရင် ခြင်း ခံ ရာ နှစ် ကာ လ တည်း ဟူ သော ဘေး ဥ ပဒ် ကို၊ အာ န သုတ် မြို့ သား တို့ အ ပေါ် တွင် ငါ သင့် စေ အံ့ သော ကြောင့်၊ အ ကြွင်း အ ကျန် မျှ ပင် ရှိ တော့ မည် မ ဟုတ် ဟူ ၍ တည်း။
တစ်စုံတစ်ယောက်မျှ မကြွင်းရ။ ထိုသို့ စစ်ကြောရာကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သားတို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
“သူတို့သွားသောလမ်းသည် မှောင်မိုက်၍ ချော်သောလမ်းဖြစ်မည်။ သူတို့သည် ထိုလမ်းတွင် တွန်းထိုးခံရ၍ လဲကျကြလိမ့်မည်။ စစ်ကြောစီရင်ချိန်ရောက်လျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကြည့်ရှုလော့။ သူတို့ကို အကောင်း မဟုတ်၊ အဆိုးပြုရန် ငါကြည့်နေ၏။ အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့ တစ်ယောက်မကျန် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဖျက်ဆီးခြင်းခံရမည်။
အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။
ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသို့သောအမှုအရာများကြောင့် ငါသည် ဒဏ်မခတ်ဘဲနေရမည်လော။ ထိုသို့သောလူမျိုးကို ငါကိုယ်တိုင် လက်တုံ့မပြန်ဘဲနေရမည်လော’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုသို့သောအမှုအရာများကြောင့် ငါသည် ဒဏ်မခတ်ဘဲနေရမည်လော၊ ထိုသို့သောလူမျိုးကို ငါကိုယ်တိုင် လက်တုံ့မပြန်ဘဲနေရမည်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စပျစ်သီးအကြွင်းအကျန်တို့ကို တစ်လုံးမကျန်ဆွတ်ခူးသကဲ့သို့ အစ္စရေးလူမျိုးအကြွင်းအကျန်တို့ကို ဆွတ်ခူးကြလိမ့်မည်။ စပျစ်သီးဆွတ်ခူးသောသူကဲ့သို့ သင့်လက်ကို စပျစ်နွယ်များကြားသို့ လှမ်းလိုက်ဦးလော့”ဟု မိန့်တော်မူ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
ယာကုပ်အမျိုးအနွယ်သည် မီး၊ ယောသပ်အမျိုးအနွယ်သည် မီးလျှံဖြစ်၏။ ရိုးပြတ်နှင့်တူသော ဧသောအမျိုးအနွယ်ကို သူတို့သည် မီးညှိလိုက်သဖြင့် ဧသောအမျိုးအနွယ်ကိုဝါးမျိုလိမ့်မည်။ ဧသောအမျိုးအနွယ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိမည်မဟုတ်”ဟု ထာဝရဘုရားမိန့်ဆိုပြီ။
သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။
သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။