ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကို ဒဏ်ခတ်မည်။ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတို့၏သားသမီးတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြလိမ့်မည်။
သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ အ စီ အ ရင် ငါ လာ မည့် အ လျောက်၊ ဆိုင် ရာ လူ ပျို တို့ သည် ဓား ဘေး ဖြင့် လည်း ကောင်း၊ သား သ မီး တို့ သည် အ စာ ခေါင်း ပါး ခြင်း ဘေး ဖြင့် လည်း ကောင်း၊ သေ ရ ကြ လတ္တံ့။
ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည်ငတ်မွတ်၍ သေကြလိမ့်မည်။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
ထာဝရဘုရားက “ငါသည် သင်တို့လုပ်ဆောင်မှုအကျိုးအပြစ်အလျောက် သင်တို့ကို ဒဏ်ခတ်မည်။ သင်တို့တောကိုမီးရှို့သဖြင့် သင်တို့နေရာပတ်ပတ်လည်ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ဂျေရုဆလင်မြို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ဒဏ်ခတ်သကဲ့သို့ အီဂျစ်ပြည်၌ နေထိုင်သောသူတို့ကိုလည်း ဒဏ်ခတ်မည်။
ထို့ကြောင့် လူပျိုတို့သည် မြို့လမ်းမများ၌ လဲကျကြလိမ့်မည်။ ထိုနေ့ရက်၌ စစ်သူရဲအပေါင်းတို့သည် ကျဆုံးကြလိမ့်မည်။
သေမင်းသည် လမ်းပေါ်မှကလေးသူငယ်များ၊ ကွင်းပြင်မှလူပျိုများကို ဖျက်ဆီးရန် ပြတင်းပေါက်ကို ကျော်တက်လာပြီ။ ခံတပ်များထဲသို့ ဝင်လာပြီ။
လူကြီးလူငယ်တို့သည် လမ်းမပေါ် ဖုန်တောထဲ၌ လဲနေလေပြီ။ အပျိုလူပျိုတို့သည်လည်း ဓားဖြင့် လဲကျသေဆုံးကြလေပြီ။ အမျက်ထွက်တော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကွပ်မျက်တော်မူပြီ၊ မညှာမတာသတ်ဖြတ်တော်မူပြီ။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။