ယေရမိ 49:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထို့ကြောင့် လူပျိုတို့သည် မြို့လမ်းမများ၌ လဲကျကြလိမ့်မည်။ ထိုနေ့ရက်၌ စစ်သူရဲအပေါင်းတို့သည် ကျဆုံးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible26 သို့ဖြစ်၍ထိုနေ့ရက်ကာလကျရောက်သော အခါ လူငယ်လူရွယ်များနှင့်စစ်သူရဲအ ပေါင်းတို့သည်မြို့လမ်းများအပေါ်တွင် အသတ်ခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible26 လက် ရွေး သူ တို့ သည်၊ လမ်း ဆုံ များ ၌ ကျ ဆုံး ခြင်း၊ စစ် သူ ရဲ အ ပေါင်း တို့ လည်း၊ ပယ် ရှား ခြင်း ကို၊ အခန်းကိုကြည့်ပါ။Judson Bible26 သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။