ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
ယေရမိ 11:2 - မြန်မာ့စံမီသမ္မာကျမ်း ဤပဋိညာဉ်၌ပါရှိသောအချက်တို့ကို နားထောင်၍ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ဆင့်ဆိုလော့။ Common Language Bible ``ဤပဋိညာဉ်တော်တွင်ပါရှိသည့်အချက် အလက်များကိုနားထောင်လော့။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ငါထာဝရ ဘုရားသည် ထိုပဋိညာဉ်ပါအချက်အလက် များကိုမလိုက်နာသူမှန်သမျှအား ကျိန်စာ သင့်စေတော်မူမည်ဖြစ်ကြောင်းယုဒပြည် သားတို့နှင့်ယေရုရှလင်မြို့သားတို့အား ပြောကြားလော့။- Judson Bible သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသော ပြည်ကိုငါပေးမည်ဟု၊ သင်တို့၏ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာကတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှာ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည်အကြောင်း၊ ငါ့စကားကို နားထောင်၍၊ ငါမှာထားသမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နုတ်ဆောင်သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကားကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကိုခံစေဟု မိန့်တော်မူလျှင်၊ ငါက၊ အို ထာဝရဘုရား၊ အာမင်ဟု လျှောက်၏။ |
ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
ထို့နောက် ယောယဒသည် မိမိအပါအဝင် ရှင်ဘုရင်နှင့်ပြည်သူပြည်သားအားလုံး ထာဝရဘုရား၏လူမျိုးတော်များအဖြစ်တည်နေစေရန် ကတိသစ္စာပြုကြ၏။
ယခုမှာ ပြင်းထန်သောအမျက်တော်ကို ငါတို့ထံမှ လွှဲသွားစေရန် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါစိတ်ဆုံးဖြတ်ပြီ။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ယခု သင်တို့သည် ငါ့စကားကိုသေချာစွာနားထောင်၍ ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင် လူမျိုးတကာတို့တွင် သင်တို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အကယ်စင်စစ် ကမ္ဘာမြေတစ်ခွင်လုံးကို ငါပိုင်၏။
ထာဝရဘုရားက ငါ့အား “ဤစကားအလုံးစုံတို့ကို ယုဒမြို့များ၊ ဂျေရုဆလင်မြို့လမ်းများပေါ်၌ ကြွေးကြော်လော့။ ‘သင်တို့သည် ဤပဋိညာဉ်ပါစကားတို့ကို နားထောင်ရမည်၊ လိုက်လျှောက်ရမည်။