Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 11:2 - Common Language Bible

2-3 ``ဤ​ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့်​အ​ချက် အလက်​များ​ကို​နား​ထောင်​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​အ​လက် များ​ကို​မ​လိုက်​နာ​သူ​မှန်​သ​မျှ​အား ကျိန်​စာ သင့်​စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ယု​ဒ​ပြည် သား​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ပြော​ကြား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2-5 သင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ ယ​နေ့ ဖြစ်​သည်​နှင့်​အ​ညီ၊ နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ကို​ငါ​ပေး​မည်​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ၌ ငါ​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍၊ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​ဖြစ်​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်၍၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း ကျင့်​ကြ​လော့​ဟု၊ သံ​မီး​ဖို​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့၏​ဘိုး​ဘေး​များ​ကို နုတ်​ဆောင်​သော​အ​ခါ သူ​တို့၌ ငါ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟု မိန့်​တော်​မူ​လျှင်၊ ငါ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ အာ​မင်​ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဤ​ပဋိညာဉ်​၌​ပါရှိ​သော​အချက်​တို့​ကို နားထောင်​၍ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​အား ဆင့်ဆို​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 11:2
9 ပူးပေါင်းရင်းမြစ်များ  

ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန်​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ် ဖွဲ့​စေ​လေ​သည်။ မင်း​ကြီး​နှင့်​ပြည်​သူ​တို့​ကို လည်း​အ​ပြန်​အ​လှန်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-


ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန် မိ​မိ​နှင့်​အ​တူ​ပါ​ဝင် ၍​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-


``အ​မျက်​တော်​ပြေ​စေ​ရန်​ယ​ခု​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​ရန်​အ​ကြံ ရှိ​၏။-


သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-


သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​သို့​သွား လော့။ ထို​အ​ရပ်​တို့​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြေ​ညာ​ကာ၊ ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့် အ​ချက်​အ​လက်​များ​ကို​နား​ထောင်​လိုက်​နာ ကျင့်​သုံး​ရန်​သူ​တို့​အား​ပြော​ကြား​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ