သို့ဖြစ်၍ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိပါ။
ယေရမိ 10:6 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသောသူမရှိပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည် တန်ခိုးတော်ကြောင့် ကြီးမြတ်ပါ၏။ Common Language Bible အို ထာဝရဘုရား၊ကိုယ်တော်ရှင်နှင့်တူသော ဘုရား တစ်ဆူမျှမရှိပါ။ ကိုယ်တော်ရှင်သည်တန်ခိုးကြီးတော်မူပါ၏။ နာမတော်သည်လည်းကြီးမြတ်၍တန်ခိုး အာနုဘော်နှင့် ပြည့်ဝပါ၏။ Garrad Bible တန် ခိုး ကြီး သော နာ မ တော် ရှိ လျက်၊ ကြီး မြတ် သော အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် နှင့် တူ သော ဘု ရား မ ရှိ ပါ။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။ |
သို့ဖြစ်၍ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိပါ။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
ငါသည် အခြေအနေသုံးသပ်ကြည့်ပြီးနောက် ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ကြောက်ရွံ့ရိုသေရသောဘုရားသခင်ကို သတိရကြလော့။ သင်တို့၏ညီအစ်ကို၊ သားသမီး၊ ဇနီးများ စသောကိုယ့်အိမ်သားများအတွက် တိုက်ပွဲဝင်ကြလော့”ဟု ဆို၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို စူးစမ်း၍မကုန်နိုင်။
ငါတို့၏အရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီးမားတော်မူ၏။ ကိုယ်တော်၏ထိုးထွင်းဉာဏ်သည် အနန္တဖြစ်၏။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ငါတို့ဘုရားသခင်၏မြို့တော်၌ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်သည်
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ကိုယ်တော်သည် ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ဖာရောမင်းကြီးက “မနက်ဖြန်”ဟု ဆိုလျှင် မောရှေက “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်း အရှင်သိမြင်စေရန် အရှင်၏စကားအတိုင်း ဖြစ်လိမ့်မည်။
သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် ငါသည် ဘေးဒဏ်အမျိုးမျိုးကို သင်မှစ၍ သင်၏အမှုထမ်းများ၊ သင်၏ပြည်သူပြည်သားများအပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် မြေတစ်ပြင်လုံး၌ ငါကဲ့သို့သောဘုရားမရှိကြောင်း သင်သိမြင်လိမ့်မည်။
အို ဇိအုန်မြို့သားတို့၊ ကြွေးကြော်လော့။ ရွှင်လန်းစွာသီချင်းဆိုလော့။ အကြောင်းမူကား သင်တို့တွင် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ကြီးမြတ်တော်မူ၏”ဟု ဆိုကြလိမ့်မည်။
ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။
သန့်ရှင်းသောအရှင်က “သင်တို့သည် ငါ့ကို မည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူသည် ငါနှင့်တူသနည်း”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကိုမည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု သတ်မှတ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု နှိုင်းယှဉ်မည်နည်း။
ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို အောက်မေ့လော့။ ငါသာလျှင် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။ ငါနှင့်တူသောဘုရားမရှိ။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ကိုယ်တော်သည် မျိုးဆက်အထောင်အသောင်းကို မေတ္တာကရုဏာပြသောအရှင်ဖြစ်သကဲ့သို့ ဘိုးဘေးတို့၏အပြစ်ကို သားသမီးတို့အား အပြည့်အဝပြန်ပေးဆပ်စေသောအရှင်လည်းဖြစ်၏။ နာမတော်ကား ကြီးမြတ်သော၊ တန်ခိုးကြီးသောဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာသည် ကြီးမားလှပါ၏။ အံ့ဖွယ်သောအမှုတို့သည်လည်း တန်ခိုးပါရှိ၏။ နိုင်ငံတော်သည် ထာဝရတည်သောနိုင်ငံ ဖြစ်၏။ အာဏာစက်သည် ကာလအစဉ်အဆက် တည်တော်မူ၏။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
ငါတို့၏ကျောက်ဆောင်သည် သူတို့၏ကျောက်ဆောင်နှင့်မတူကြောင်းကို ငါတို့၏ရန်သူတို့ပင် အသိအမှတ်ပြုကြ၏။
အို ယေရှုရုန်၊ သင်၏ဘုရားနှင့်တူသောဘုရားမရှိ။ ကိုယ်တော်သည် သင့်ကိုကူညီမစရန် မိုးကောင်းကင်ကိုစီးနင်းတော်မူ၏၊ မိမိအာနုဘော်တော်ဖြင့်မိုးတိမ်ကို စီးနင်းတော်မူ၏။