အို မြို့တံခါး၊ ညည်းတွားငိုကြွေးလော့။ အို မြို့၊ အော်ဟစ်လော့။ မြောက်အရပ်မှမီးခိုးထွက်လာ၏။ စစ်သည်အလုံးအရင်းတွင် တစ်ယောက်တည်းကွဲထွက်သွားသောသူမရှိ။ ထို့ကြောင့် ဖိလိတ္တိပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြ၏။
ယေရမိ 1:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက “မြောက်ဘက်မှဘေးအန္တရာယ်သည် ဤပြည်သူပြည်သားရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။ Common Language Bible ကိုယ်တော်သည်ငါ့အား``ဤပြည်တွင် နေထိုင် သူအပေါင်းတို့အပေါ်သို့ မြောက်အရပ်မှ ဘေးအန္တရာယ်ဆိုက်ရောက်လာလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား က ဤ ပြည် သူ ပြည် သား ခပ် သိမ်း တို့ အ ပေါ် တွင်၊ မြောက် မျက် နှာ မှ ဘေး ဥ ပဒ် သင့် ရောက် လိမ့် မည်။ Judson Bible ထာဝရဘုရားက၊ မြောက်မျက်နှာဘက်က ဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။ |
အို မြို့တံခါး၊ ညည်းတွားငိုကြွေးလော့။ အို မြို့၊ အော်ဟစ်လော့။ မြောက်အရပ်မှမီးခိုးထွက်လာ၏။ စစ်သည်အလုံးအရင်းတွင် တစ်ယောက်တည်းကွဲထွက်သွားသောသူမရှိ။ ထို့ကြောင့် ဖိလိတ္တိပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြ၏။
မြောက်အရပ်မှ တစ်စုံတစ်ဦးကို ငါလှုံ့ဆော်၍ သူသည် နေထွက်ရာအရပ်မှလာလေပြီ။ သူသည် ငါ့နာမကိုဟစ်ခေါ်လိမ့်မည်။ အိုးထိန်းသည်သည် မြေစေးကိုနင်းသကဲ့သို့ သူသည် မင်းအရာရှိတို့ကို ရွှံ့သဖွယ်နင်းလိမ့်မည်။
သတင်းတစ်ခုရောက်လာ၏။ ကြည့်ရှုလော့။ တုန်ဟည်းသံကြီးသည် မြောက်အရပ်မှလာ၍ ယုဒမြို့ရွာများကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာဖြစ်စေမည်။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ငါသည် ထိုသူတို့ကို မြောက်ဘက်အရပ်မှ ခေါ်ဆောင်လာမည်။ မြေကြီးစွန်းမှ ခေါ်ယူစုစည်းမည်။ သူတို့နှင့်အတူ မျက်စိမမြင်သူ၊ ခြေမသန်သူ၊ ကိုယ်ဝန်ဆောင်သူ၊ မီးဖွားခါနီးသူပါသော လူအုပ်ကြီးသည် ဤအရပ်သို့ ပြန်လာကြလိမ့်မည်။
ဇိအုန်တောင်ရှိရာဘက်သို့ အချက်ပြအလံကို လွှင့်ပြလော့။ လုံခြုံရာသို့ပြေးကြလော့။ ရပ်မနေကြနှင့်။ အကြောင်းမူကား ငါသည် ပျက်စီးခြင်းဘေးအန္တရာယ်ကြီးကို မြောက်အရပ်မှ ရောက်လာစေမည်”ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်သည် အဆင်းလှသောနွားမတမ်းနှင့်တူ၏။ မြောက်အရပ်မှ မှက်ကောင်ရောက်လာနေပြီ။
ထာဝရဘုရားက “ကြည့်ရှုလော့။ ရေသည် မြောက်အရပ်မှတက်လာ၍ မြစ်ရေလျှံသကဲ့သို့ လျှံတက်လိမ့်မည်။ ထိုရေသည် ပြည်နှင့်ထိုပြည်၌ရှိသမျှ၊ မြို့နှင့်မြို့သားရှိသမျှတို့ကို လွှမ်းမိုးလိမ့်မည်။ လူတို့ အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့ ညည်းတွားငိုကြွေးကြလိမ့်မည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာပြီ။ မြေကြီးစွန်းမှ လူမျိုးကြီးနှင့် ကြီးမြတ်သောရှင်ဘုရင်တို့ ထကြွကြပြီ။
ကြည့်ရှုလော့။ ငါသည် မြောက်အရပ်မှ လူမျိုးခြားအစုအဝေးကြီးကို နှိုးဆော်၍ ဘေဘီလုံမြို့သို့ စစ်ချီစေမည်။ သူတို့သည် ဘေဘီလုံမြို့ကို စစ်ခင်းကျင်း၍ သိမ်းပိုက်လိမ့်မည်။ သူတို့ပစ်သောမြားသည် ကျွမ်းကျင်သောလေးသည်တော်ပစ်သောမြားကဲ့သို့ မထိမှန်ဘဲမနေ။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
ထာဝရဘုရားက “မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာမည်။ မြေကြီးစွန်းမှ လူမျိုးကြီးတစ်မျိုး ထကြွမည်။
ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။
ပုန်ကန်တတ်သောအမျိုးအား ဤပုံဥပမာဖြင့် ခိုင်းနှိုင်းပြလော့။ ဘုရားရှင်ထာဝရဘုရားက ‘အိုးထဲသို့ ရေလောင်းထည့်၍ မီးဖိုပေါ်တင်လော့။
မြောက်ပိုင်းရန်သူကို သင်တို့နှင့်ဝေးစေမည်။ သူ့ကို လူသူကင်းမဲ့၍ တိတ်ဆိတ်သောပြည်သို့ နှင်ထုတ်မည်။ သူ၏တပ်ဦးစစ်သည်ကို အရှေ့ပင်လယ်ထဲသို့လည်းကောင်း၊ သူ၏နောက်ရံစစ်သည်ကို အနောက်ပင်လယ်ထဲသို့လည်းကောင်း နှင်ထုတ်မည်။ သူ့ထံမှအပုပ်နံ့၊ အသိုးနံ့တို့ ထွက်လိမ့်မည်။ အကြောင်းမူကား သူသည် အမှုကြီးကို ပြုလေပြီ”ဟု ပြန်လည်မိန့်ဆိုတော်မူမည်။
မြင်းနက်များကသောစစ်ရထားသည် မြောက်ပြည်သို့ ထွက်သွား၍ မြင်းဖြူများကသောစစ်ရထားသည် သူတို့နောက်သို့ လိုက်၏။ အစက်အပြောက်ပါသောမြင်းများကသောစစ်ရထားသည် တောင်ပြည်သို့ ထွက်သွားလေ၏”ဟု ဆို၏။