ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
ယေဇကျေလ 8:15 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဆက်သွားလျှင် ပို၍ဆိုးဝါးသော စက်ဆုပ်ရွံရှာဖွယ်တို့ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ ထိုအခြင်းအရာကိုမြင်သလော။ ထိုထက်ပင်ပို၍စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။- Garrad Bible ကိုယ် တော် က လည်း၊ အ ချင်း လူ့ သား၊ ထို အ ရာ ကို မြင် ပြီ လော။ ထို ထက် ရွံ ရှာ ဖွယ် အ မှု များ ကို မြင် ရ ဦး မည် ဟု မိန့် ဆို လျက်၊ ဗိ မာန် တော် အ တွင်း ထဲ သို့၊ ငါ့ ကို ဆောင် သွား တော် မူ သော်၊ Judson Bible အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တစ်ဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊ |
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
တစ်ဖန် ငါ့အား မြောက်ဘက်ရှိ ထာဝရဘုရား၏အိမ်တော်တံခါးဝသို့ ဆောင်သွားရာ ထိုနေရာ၌ မိန်းမတို့သည် တမ္မုဇနတ်ဘုရားအတွက် ထိုင်ငိုနေကြသည်ကို ငါတွေ့ရ၏။
တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။
တစ်ဖန် “အချင်းလူသား၊ ငါ၏သန့်ရှင်းရာဌာနကို ငါစွန့်ပစ်အောင် အစ္စရေးအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုကြီးကို သင်မြင်ပြီလော။ ထို့ပြင် ထို့ထက်သာ၍ စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ငါ့အား “ဝင်သွားပါ။ ထိုနေရာ၌ သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုတို့ကို ကြည့်ပါ”ဟု မိန့်တော်မူသဖြင့်
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။