အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 7:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​အချင်း​လူသား​၊ အစ္စရေး​ပြည်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သူ​၏​နိဂုံးချုပ်​ချိန်​သည် ရောက်လာ​ပြီ​။ ပြည်​တစ်ပြည်လုံး နိဂုံးချုပ်​ချိန်​ရောက်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​အား ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား``နိုင်​ငံ​တစ်​ခု လုံး​ပျက်​သုဉ်း​ရာ​အ​ချိန်​ကျ​ပြီ။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ချင်း လူ့ သား ဣ သ ရေ လ ပြည် အား၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ အ ဆုံး တိုင် ပြီ။ ပြည် တော် လေး စွန်း အ ထိ အ ဆုံး ရောက် ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ပြည်​လေး​ထောင့်​တို့​သည် ဆုံး​ခြင်း​သို့​ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 7:2
28 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​က နောဧ​အား “​လူ​အပေါင်း​တို့​၏​အဆုံး​သည် ငါ့​ရှေ့မှောက်​သို့​ရောက်လာ​ပြီ​။ အကြောင်းမူကား မြေကြီး​သည် သူ​တို့​ကြောင့် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို မြေကြီး​နှင့်အတူ​ဖျက်ဆီး​မည်​။


ယဇ်ပလ္လင်​များ​ကို ဖြိုချ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​နှင့် ရုပ်တုဆင်းတု​များ​ကို​လည်း ခြေမွှဖျက်ဆီး​ပစ်​၏​။ အစ္စရေး​ပြည်​တစ်ပြည်လုံး​ရှိ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​အားလုံး​တို့​ကို​လည်း တစ်စစီ​ချိုးဖဲ့​ပစ်​ပြီး ဂျေရုဆလင်​မြို့​သို့ ပြန်လာ​လေ​၏​။


သင်​က “​ငါ​သည် သခင်မ ထာဝစဉ်​ဖြစ်​နေ​မည်​”​ဟု ဆို​လျက် ဤ​အရာ​တို့​ကို​နှလုံး​မ​သွင်း​၊ အဆုံး​ကို​လည်း မ​အောက်မေ့​။


တိုင်းပြည်​သည် မည်သည့်​အချိန်​ထိ ငိုကြွေးမြည်တမ်း​ရ​မည်နည်း​။ ကွင်းပြင်​ရှိ​မြက်​တို့​သည် မည်သည့်​အချိန်​ထိ ခြောက်သွေ့​ရ​မည်နည်း​။ “​ငါ​တို့​၏​အဆုံး​ကို ကိုယ်တော်​မ​မြင်​”​ဟု ပြောဆို​ကြ​သော ပြည်သား​တို့​၏​မကောင်းမှု​ကြောင့် တိရစ္ဆာန်​များ​၊ ငှက်​များ သေကျေပျက်စီး​ကုန်​ပါ​ပြီ​။


ပရောဖက်​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိ​တို့​သဘော​အတိုင်း အုပ်ချုပ်​ကြ​၏​။ ထိုသို့သော​အမှုအရာ​တို့​ကို ငါ့​လူမျိုး​တော်​သည် နှစ်သက်​ကြ​၏​။ အဆုံး​၌ သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။


မြစ်​နား​၌​နေ​၍ ဥစ္စာ​ကြွယ်ဝ​သော​မြို့​၊ သင်​၏​မတရား​အကျိုးစီးပွားရှာ​ခြင်း​များ အဆုံးသတ်​မည့်​အချိန်​ရောက်လာ​ပြီ​။


သူ​၏​အညစ်အကြေး​သည် သူ့​အဝတ်​၌​စွန်း​နေ​ပြီ​။ သူ​၏​နိဂုံး​ကို သူ​မ​ဆင်ခြင်​မိ​ခဲ့​။ သူ​သည် အံ့ဩဖွယ်​ပြိုလဲ​သွား​လေ​ပြီ​။ သူ့​ကို နှစ်သိမ့်​ပေး​မည့်​သူ​လည်း​မ​ရှိ​။ အို ထာဝရဘုရား​၊ ရန်သူ​တို့​သည် အကျွန်ုပ်​ကို အောင်နိုင်​ကြ​ပြီ​။ အကျွန်ုပ်​ခံရ​သော ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​ပါ​။


သူ​တို့​သည် ငါ​တို့​ကို ခြေရာခံ​လိုက်​ကြ​သောကြောင့် လမ်း​ပေါ်၌ ငါ​တို့​မ​သွား​မ​လာ​နိုင်​။ ငါ​တို့​နိဂုံးချုပ်​ချိန် နီးလာ​ပြီ​။ ငါ​တို့​နိဂုံးချုပ်​ချိန် ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​အသက်ရှင်​ရ​သော​နေ့ ကုန်ဆုံး​လေ​ပြီ​။


ထို​အကြောင်း​ကို ငါ​ပရောဖက်ပြု​ဟောပြော​နေစဉ် ဗေနာယ​၏​သား​ပေလတိ သေ​လေ​၏​။ ထိုအခါ ငါ​သည် ပျပ်ဝပ်​လျက် “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြွင်းကျန်​သော​အစ္စရေး​တို့​ကို​ပါ အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်လော​”​ဟု အသံကုန်​အော်ဟစ်​လျှောက်ဆို​လေ​၏​။


“​အချင်း​လူသား​၊ အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ‘​နေ့ရက်​တို့​သာ ကုန်ဆုံး​သွား​ပြီ​။ ဗျာဒိတ်နိမိတ်​တို့​သည် တစ်​ခု​မျှ ဖြစ်မလာ​ပါ​တကား​’​ဟူသော ဆိုရိုးစကား​ကို အဘယ်ကြောင့် ပြောဆို​နေ​ကြ​သနည်း​။


“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​သို့ မျက်နှာမူ​ပြီး သန့်ရှင်းရာဌာန​များ​ကို ဆန့်ကျင်​၍ ဟောပြော​လော့​။ အစ္စရေး​ပြည်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။


အို သေဒဏ်​ခံရ​မည့်​ဆိုးယုတ်​သော​အစ္စရေး​၏​ခေါင်းဆောင်​၊ သင်​အပြီးသတ်​ဒဏ်ခတ်​ခံရ​မည့် နေ့ရက်​အချိန်​ရောက်လာ​ပြီ’​ဟု မိန့်​တော်မူ​၏​။


ငါ့​ဓား​ကို ဓားအိမ်​ထဲမှ ဆွဲထုတ်​၍ သင့်​အထဲ​မှ လူဆိုး​လူကောင်း​မကျန် ငါ​သုတ်သင်​မည်​ဖြစ်​သောကြောင့် တောင်​အရပ်​မှ​မြောက်အရပ်​တိုင်အောင် လူ​အားလုံး သုတ်သင်​ခံရ​လိမ့်မည်​။


သူ​တို့​က ‘​သင်​အဘယ်ကြောင့် ညည်းတွား​သနည်း​’​ဟု မေး​လျှင် သင်​က ‘​ကြား​ရ​သော​သတင်းစကား​ကြောင့်​ဖြစ်​၏​။ ကြား​ရ​သော​သတင်း​အတိုင်း ဖြစ်ပျက်​လာ​လျှင် လူ​တိုင်း စိတ်အားလျော့​မည်​၊ လက်ပန်းကျ​မည်​၊ စိတ်ဓာတ်ကျ​၍ ဒူး​များ​ပျော့ခွေ​သွား​လိမ့်မည်​’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


သင်​သည် ရှေးယခင်​ကပင် အငြိုး​ထားခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့ ဘေးဒုက္ခ​ရောက်​ချိန်​၊ အပြီးသတ်​ဒဏ်ခတ်​ခံရ​ချိန်​တွင် သင်​သည် သူ​တို့​ကို ဓား​လက်​သို့​အပ်​လိုက်​၏​။


နိမိတ်အာရုံ​ထဲတွင် ဘုရားသခင်​က ငါ့​ကို အစ္စရေး​ပြည်​သို့​ဆောင်သွား​၍ အလွန်​မြင့်​သော​တောင်​ပေါ်တွင်​ချထား​၏​။ တောင်ဘက်​တွင် မြို့​နှင့်​တူ​သော​အဆောက်အအုံ​ကို တွေ့​ရ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ယခုမှာ သင့်​နိဂုံးချုပ်​ချိန်​သည် သင့်​ထံ​ရောက်လာ​ပြီ​။ သင့်​ထံသို့ ငါ့​အမျက်​ကို လွှတ်လိုက်​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို​စီရင်​မည်​။ သင်​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။


အလို​၊ ထာဝရဘုရား​၏​နေ့ရက်​ပါတကား​။ ထို​နေ့ရက် ရောက်လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံ​တော်​မှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​လိမ့်မည်​။


ထို့ပြင် သင်​တို့​၏​ပျော်ပွဲ​များ​ကို ငိုပွဲ​များ ဖြစ်စေ​မည်​။ သင်​တို့​၏​သီချင်း​များ​ကို ငိုချင်း ဖြစ်စေ​မည်​။ သင်​တို့​အားလုံး​ကို လျှော်တေ​ဝတ်​စေ​၍ ခေါင်းတုံး ဖြစ်စေ​မည်​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​ရ​သကဲ့သို့ ဖြစ်စေ​မည်​။ နိဂုံး​သည်​လည်း ခါးသီး​သော​နေ့ရက် ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ကိုယ်တော်​က “​အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​ကို မြင်​ပါ​၏​”​ဟု လျှောက်​ရာ ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​နိဂုံး​သည် ရောက်လာ​လေ​ပြီ​။ သူ​တို့​ကို ငါ​အလွတ်ပေး​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။


စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်မည်။ သတိပြု​လျက် စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည်​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။


‘​သူ​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်​ကို ငါ​စောင့်ကြည့်​မည်​။ သူ​တို့​သည် ဖောက်ပြန်​တတ်​သော​မျိုးဆက်​၊ သစ္စာ​မ​ရှိ​သော​သားသမီး​များ ဖြစ်​ကြ​၏​။


ခပ်သိမ်း​သော​အရာ​တို့​၏​နောက်ဆုံး​ချိန် နီးကပ်​လာ​ပြီ​ဖြစ်၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​နိုင်​ရန် တည်ငြိမ်​မှန်ကန်​သော​စိတ်​နှင့် သမ္မာသတိ​ရှိ​ကြ​လော့။


ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။


ထို့နောက် ကောင်းကင်​တမန်​လေး​ပါး​သည် ကမ္ဘာ​မြေကြီး​၏​ထောင့်​လေး​ထောင့်​တွင်​ရပ်​လျက် မြေကြီး​ပေါ်သို့​လည်းကောင်း၊ ပင်လယ်​ပေါ်သို့​လည်းကောင်း၊ သစ်ပင်​ရှိသမျှ​အပေါ်သို့​လည်းကောင်း လေ​မ​တိုက်​စေရန် မြေကြီး​လေး​မျက်နှာ​၏​လေ​တို့​အား ထိန်းချုပ်​ထား​သည်​ကို ငါ​မြင်​ရ​၏။