လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
ယေဇကျေလ 48:30 - မြန်မာ့စံမီသမ္မာကျမ်း မြို့ထွက်ပေါက်များကား ဤသို့ဖြစ်၏။ မြို့၏မြောက်ဘက်သည် အတောင်လေးထောင်ငါးရာ အကျယ်ရှိ၏။ Common Language Bible ယေရုရှလင်မြို့သို့ဝင်ရန်တံခါးများမှာအောက်ပါအတိုင်းဖြစ်၏ ။ မြို့ရိုးတစ်ခုလျှင်ကိုက်ပေါင်းနှစ်ထောင့်ငါးရာ့နှစ်ဆယ်ရှည်၍တံခါးသုံးခုစီရှိ၏။ ထိုတံခါးတို့ကိုဣသရေလအနွယ်စုတို့၏နာမည်များဖြင့်မှည့်ခေါ်၍ထားလေသည်။ မြောက်မြို့ရိုးတွင်ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍လည်းကောင်း၊ အရှေ့မြို့ရိုးတွင် ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးဟူ၍လည်းကောင်း၊ တောင်မြို့ရိုးတွင်ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးဟူ၍လည်းကောင်း၊ အနောက်မြို့ရိုးတွင်ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးဟူ၍လည်းကောင်းနာမည်ပေးထားသတည်း။ Garrad Bible ဣ သ ရေ အ နွယ် များ အ လိုက် က မ္ပည်း ရှိ တံ ခါး များ ပါ သော မြို့ ရိုး အ တိုင်း အ တာ ကား။ Judson Bible မြို့မှထွက်ရာတံခါးများ ဟူမူကား၊ မြို့မြောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ |
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
မြောက်ဘက်ကဲ့သို့ပင် ထိုအဆောင်ခန်းများ၏အရှေ့ဘက်တွင် လမ်းတစ်လမ်းရှိ၏။ ထိုအဆောင်ခန်းတို့၏အလျားအနံ၊ ဝင်ပေါက်ထွက်ပေါက်၊ အဆောက်အအုံပုံစံနှင့် တံခါးတို့မှာလည်း မြောက်ဘက်ခြမ်းနှင့် အတူတူပင်ဖြစ်၏။
သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။
မြို့၏အကျယ်အဝန်းမှာ မြောက်ဘက်တွင် အတောင်လေးထောင်ငါးရာ၊ တောင်ဘက်တွင် အတောင်လေးထောင်ငါးရာ၊ အရှေ့ဘက်တွင် အတောင်လေးထောင်ငါးရာ၊ အနောက်ဘက်တွင် အတောင်လေးထောင်ငါးရာ ရှိရမည်။
မြို့တံခါးတို့ကို အစ္စရေးမျိုးနွယ်အလိုက် အမည်ပေးရမည်။ မြောက်ဘက်တွင် ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
ထိုမြို့သည် စတုရန်းပုံရှိ၍ ၎င်း၏အလျားနှင့်အနံသည် တူညီ၏။ ကောင်းကင်တမန်သည် ရွှေကျူရိုးဖြင့် မြို့ကိုတိုင်းလေရာ မိုင်ပေါင်းတစ်ထောင့်သုံးရာရှစ်ဆယ်ခန့် ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။