ယေဇကျေလ 42:11 - မြန်မာ့စံမီသမ္မာကျမ်း11 မြောက်ဘက်ကဲ့သို့ပင် ထိုအဆောင်ခန်းများ၏အရှေ့ဘက်တွင် လမ်းတစ်လမ်းရှိ၏။ ထိုအဆောင်ခန်းတို့၏အလျားအနံ၊ ဝင်ပေါက်ထွက်ပေါက်၊ အဆောက်အအုံပုံစံနှင့် တံခါးတို့မှာလည်း မြောက်ဘက်ခြမ်းနှင့် အတူတူပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 အခန်းများ၏ရှေ့တွင်မြောက်ဘက်မှာကဲ့ သို့ပင်လမ်းတစ်သွယ်ရှိ၏။ ထိုအခန်းတို့ ၏အတိုင်းအတာ၊ ပုံပန်းသဏ္ဌာန်နှင့်တံခါး ပေါက်များသည်မြောက်ဘက်ရှိအခန်းများ အတိုင်းပင်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible11 ထို အ ခန်း စဉ် သည်၊ မြောက် ဘက် အ ခန်း စဉ် နှင့် အ မျှ အ နံ အ လျား ချင်း၊ ဝင် ပေါက် ထွက် ပေါက် ချင်း၊ အ စီ အ ရင် ချင်း တူ လျက်၊ ရှေ့ တွင် လည်း လမ်း ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်းအလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့ပြုခဲ့သမျှအတွက် ရှက်မည်ဆိုလျှင် အိမ်တော်ပုံစံ၊ စီစဉ်တည်ဆောက်ပုံ၊ ထွက်ပေါက်ဝင်ပေါက်စသော အိမ်တော်တစ်ခုလုံး၏ပုံစံ၊ အိမ်တော်နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအားလုံး၊ ပုံစံအားလုံး၊ ဥပဒေသအားလုံး စသည်တို့ကို သူတို့သိအောင် သူတို့ရှေ့တွင်ပင် ချရေးပြလော့။ သို့မှ အိမ်တော်တစ်ခုလုံး၏ပုံစံနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို စောင့်ထိန်းလိုက်နာနိုင်မည်ဖြစ်သည်။
ထိုအခါ ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ ငါမိန့်ဆိုထားသော ထာဝရဘုရား၏အိမ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ပညတ်ချက် အလုံးစုံတို့ကို သင့်မျက်စိဖြင့် ကြည့်လော့။ နားဖြင့် နားထောင်လော့။ စိတ်နှလုံးဖြင့် မှတ်ကျုံးလော့။ အိမ်တော်အဝင်ပေါက်၊ သန့်ရှင်းရာဌာနအထွက်ပေါက်တို့ကို သေချာစွာမှတ်သားလော့။