ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ယေဇကျေလ 47:7 - မြန်မာ့စံမီသမ္မာကျမ်း မြစ်ကမ်းသို့ ပြန်ရောက်သောအခါ ကမ်းတစ်ဖက်တစ်ချက်တွင် သစ်ပင်များစွာ ပေါက်နေသည်ကို တွေ့ရ၏။ Common Language Bible မြစ်ကမ်းပါးသို့ရောက်သောအခါငါ သည်မြစ်ကမ်းနှစ်ဖက်တွင်သစ်ပင်များ စွာပေါက်လျက်နေသည်ကိုမြင်ရ၏။- Garrad Bible ရောက် စေ သော်၊ မြစ် ကမ်း နှစ် ဘက်၌၊ ပေါ များ သော အ ပင် ကို ပြ ပြီး လျှင်၊ Judson Bible ပြန်စဉ်အခါ မြစ်နားနှစ်ဖက်၌ များစွာသော အပင်တို့ကို ငါမြင်၏။ |
ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ဧလိယကိုယ်မှ ပြုတ်ကျကျန်ခဲ့သောအဝတ်ကိုကောက်ယူပြီး ပြန်လာခဲ့၏။ ဂျော်ဒန်မြစ်ကမ်းနားရောက်လျှင် ရပ်နေ၍
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။
ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်တောင်၏ဘုန်းအသရေတို့သည် သင့်ထံသို့အတူတကွရောက်လာပြီး ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေမည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းကျက်သရေရှိစေမည်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်တွင် သီးပင်စားပင်အမျိုးမျိုး ပေါက်ရောက်လိမ့်မည်။ သန့်ရှင်းရာဌာနမှစီးလာသော မြစ်ရေကို ရရှိသောကြောင့် အပင်တို့သည် အရွက်မညှိုးနွမ်း၊ အသီးလည်း မပြတ်။ လစဉ်အသီးသီးလိမ့်မည်။ အသီးသည် စားဖို့၊ အရွက်သည် အနာရောဂါပျောက်ကင်းဖို့ ဖြစ်လိမ့်မည်”ဟု ဆို၏။
မြို့၏လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ မြစ်၏တစ်ဖက်တစ်ချက်စီ၌ကား အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပေးတတ်သည့်အသက်ပင်ရှိ၏။ ထိုအပင်မှ အရွက်များသည်လည်း လူမျိုးတကာတို့၏ကျန်းမာခြင်းအတွက်ဖြစ်၏။