ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမတ်စကပ်မြို့နှင့် ဟာမတ်နယ်နိမိတ်ကြားရှိ သိဗရိမ်မြို့အထိရောက်၍ ဟောရန်နယ်နိမိတ်ရှိ ဟာဇာဟတ္တိကုန်မြို့အထိ ရောက်၏။
ယေဇကျေလ 47:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မြောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်မှစ၍ ဒမတ်စကပ်မြောက်ဘက်နယ်စပ်ရှိ ဟာဇရေနန်မြို့အထိ ထိုမှ ဟာမတ်မြောက်ဘက်နယ်နိမိတ်အထိ ဖြစ်၏။ Common Language Bible သို့ဖြစ်၍မြောက်ဘက်နယ်နိမိတ်သည်မြေ ထဲပင်လယ်မှအရှေ့ဘက် ဟာဇရေနုန်မြို့ အထိရှိ၍ဒမာသက်နှင့်ဟာမတ်ပြည် နယ်ခြားဒေသများ၏တောင်ဘက်တွင်တည် ရှိသတည်း။ Garrad Bible ဒ မာ သက် ပြည် နယ် စွန်း ရှိ ဟာ ဇ ရေ နန် မြို့၌၊ ဟာ မတ် ပြည် နယ် စွန်း တောင် ဘက် လျှောက် သော ထို ပင် လယ် မှ အ လား သည် ဆုံး လိမ့် မည်။ မြောက် ဘက် အ လား ကား ထို သို့ တည်း။ Judson Bible တစ်ဖန် ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ်အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်းအခြားဖြစ်သတည်း။ |
ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမတ်စကပ်မြို့နှင့် ဟာမတ်နယ်နိမိတ်ကြားရှိ သိဗရိမ်မြို့အထိရောက်၍ ဟောရန်နယ်နိမိတ်ရှိ ဟာဇာဟတ္တိကုန်မြို့အထိ ရောက်၏။
“မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
ထိုမှ နယ်နိမိတ်သည် ဇိဖြုန်အထိဆက်သွား၍ ဟာဇရေနန်၌ ဆုံးရမည်။ ဤသည်ကား သင်တို့အဖို့ မြောက်ဘက်နယ်နိမိတ်ဖြစ်မည်။