အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
ယေဇကျေလ 47:13 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက “ဤသည်ကား အစ္စရေးအမျိုးအနွယ် တစ်ဆယ့်နှစ်နွယ်အတွက် သင်တို့ခွဲဝေကြရမည့် အမွေမြေနယ်နိမိတ်ဖြစ်၏။ ယောသပ်သည် ဝေစုနှစ်စု ရရမည်။ Common Language Bible အရှင်ထာဝရဘုရားက``ဣသရေလ လူမျိုးဆယ့်နှစ်ပါးအတွက်မြေယာနယ် နိမိတ်သတ်မှတ်ပေးရမည်။ မြေယာနယ် နိမိတ်များမှာအောက်ပါအတိုင်းဖြစ်၏။ ယောသပ်အနွယ်ဝင်တို့သည်အခြား အနွယ်အသီးသီးတို့ထက်နှစ်ဆပို၍ ရရှိစေရမည်။- Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ဝေ ပုံ နှစ် စု ရ မည့် ယော သပ် အ နွယ် ပါ လျက်၊ ဣ သ ရေ လ ဆယ့် နှစ် နွယ် အ လိုက် အ ပိုင် ရ မည့် ပြည်၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအမွေခံရသော မြေအပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကိုယူရမည်။ |
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
သင့်ဖခင်ပေးသောကောင်းချီးမင်္ဂလာတို့သည် ငါ့ဘိုးဘေးတို့ပေးသောကောင်းချီးမင်္ဂလာထက်၊ ရှေးတောင်ကုန်းတို့၌ရှိသောကောင်းချီးအဖြာဖြာထက် သာလွန်၏။ ထိုကောင်းချီးမင်္ဂလာတို့သည် ယောသပ်၏ခေါင်းပေါ်၌လည်းကောင်း၊ သူ့ညီအစ်ကိုတို့ထဲမှအကြီးအကဲတို့၏ဦးထိပ်ပေါ်၌လည်းကောင်း သက်ရောက်ပါစေသော။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
ထာဝရဘုရားက “ထိုကာလ၌ ငါသည် အစ္စရေးမျိုးနွယ်စုအပေါင်းတို့၏ဘုရားဖြစ်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
“မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
ဤကား အစ္စရေးအမျိုးအနွယ်တို့အား သင်တို့ခွဲဝေပေးရမည့် အမွေမြေဖြစ်၏။ ဤမြေသည် သူတို့အပိုင်မြေဖြစ်၏”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယောသပ်၏သားဦးမနာရှေအမျိုးအနွယ်တို့ မဲချ၍ရရှိသောအမွေမြေမှာ ဤသို့ဖြစ်၏။ မနာရှေ၏သားဦး၊ ဂိလဒ်၏ဖခင် မာခိရသည် စစ်သူရဲဖြစ်၍ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်ကို အမွေရ၏။