ယေဇကျေလ 47:13 - Common Language Bible13 အရှင်ထာဝရဘုရားက``ဣသရေလ လူမျိုးဆယ့်နှစ်ပါးအတွက်မြေယာနယ် နိမိတ်သတ်မှတ်ပေးရမည်။ မြေယာနယ် နိမိတ်များမှာအောက်ပါအတိုင်းဖြစ်၏။ ယောသပ်အနွယ်ဝင်တို့သည်အခြား အနွယ်အသီးသီးတို့ထက်နှစ်ဆပို၍ ရရှိစေရမည်။- အခန်းကိုကြည့်ပါ။Garrad Bible13 အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ဝေ ပုံ နှစ် စု ရ မည့် ယော သပ် အ နွယ် ပါ လျက်၊ ဣ သ ရေ လ ဆယ့် နှစ် နွယ် အ လိုက် အ ပိုင် ရ မည့် ပြည်၊ အခန်းကိုကြည့်ပါ။Judson Bible13 အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအမွေခံရသော မြေအပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကိုယူရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဘုရားရှင်ထာဝရဘုရားက “ဤသည်ကား အစ္စရေးအမျိုးအနွယ် တစ်ဆယ့်နှစ်နွယ်အတွက် သင်တို့ခွဲဝေကြရမည့် အမွေမြေနယ်နိမိတ်ဖြစ်၏။ ယောသပ်သည် ဝေစုနှစ်စု ရရမည်။ အခန်းကိုကြည့်ပါ။ |
အသီးအနှံနှင့်ပန်းမာလ်ကိုလည်းကောင်း ပေးတော်မူပါစေသော။ အမြဲတည်သောတောင်ကုန်းများမှ နှစ်သက်ဖွယ်ရာကောင်းချီးမင်္ဂလာများကိုလည်း သင့်အားပေးတော်မူပါစေသော။ ဤကောင်းချီးအပေါင်းတို့သည်မိမိ ညီအစ်ကိုတို့ထက်ထူးကဲသောယောသပ် ၏ ဦးခေါင်းပေါ်သို့သက်ရောက်ပါစေသော။
ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-
မြေယာ၏မြောက်ဘက်ရှိနယ်နိမိတ်မှာမြေထဲပင်လယ်မှ အရှေ့ဘက်ရှိဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်းနှင့်ဟာဇရေနန်မြို့၊ ထိုမှတစ်ဆင့်ဒမာသက်ပြည်နှင့်ဟာမတ်ပြည်နယ်ခြားအထိဖြစ်၏။ လူမျိုးအနွယ်တစ်နွယ်လျှင်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိနယ်မြေတစ်ခုကျစီ၊ မြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိစေရမည်။ ဒန် အာရှာ နဿလိ မနာရှေ ဧဖရိမ် ရုဗင် ယုဒ
ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-