ထို့နောက် စီရင်ထုံးဖွဲ့ချက်အတိုင်း ပသခါယဇ်ကောင်ကို မီးကင်၍ သန့်ရှင်းသောယဇ်များကိုလည်း အိုးများ၊ ဒယ်စောက်များ၊ ဒယ်အိုးများတွင် ပြုတ်ပြီးလျှင် ပြည်သူပြည်သားတို့အား အလျင်အမြန်ဝေပေး၏။
ယေဇကျေလ 46:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူက ငါ့အား “ဤနေရာသည် ယဇ်ပုရောဟိတ်တို့က အပြစ်ဒဏ်ဖြေရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို ပြုတ်ရသောနေရာ၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရာနေရာဖြစ်၏။ လူတို့ထံ သန့်ရှင်းခြင်းကူးမသွားစေရန် ထိုယဇ်တို့ကို အပြင်ဝင်းသို့ ယူဆောင်မသွားရ”ဟု ဆို၏။ Common Language Bible ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။ Garrad Bible ဤ ကား၊ လူ ပ ရိ သတ် သီး သန့် ရာ ရောက် မည် ကို စိုး၍၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ ကို၊ အ ပြင် တံ တိုင်း သို့ မ ထုတ် ဘဲ ပြုတ် ခြင်း၊ ဘော ဇဉ် သ က္ကာ ပေါင်း ခြင်း ကို၊ ပ ရော ဟိတ် တို့ ပြု ရ သော ဇ န ပုဒ် တည်း ဟု ဆို ပြီး နောက်၊ Judson Bible ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘောဇဉ်ပူဇော်သကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်းစေခြင်းငှာ၊ ထိုအရာတို့ကို ပြင်တံတိုင်းထဲသို့ မထုတ်ရကြဟု ငါ့အားပြောဆို၏။ |
ထို့နောက် စီရင်ထုံးဖွဲ့ချက်အတိုင်း ပသခါယဇ်ကောင်ကို မီးကင်၍ သန့်ရှင်းသောယဇ်များကိုလည်း အိုးများ၊ ဒယ်စောက်များ၊ ဒယ်အိုးများတွင် ပြုတ်ပြီးလျှင် ပြည်သူပြည်သားတို့အား အလျင်အမြန်ဝေပေး၏။
အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကိုယူ၍ သန့်ရှင်းသောနေရာ၌ အသားကိုပြုတ်ရမည်။
လူအများရှိရာအပြင်ဝင်းသို့ ထွက်သွားသောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်များကိုချွတ်၍ သန့်ရှင်းသောအခန်းထဲတွင် ထားခဲ့ရမည်။ သူတို့၏အဝတ်အားဖြင့် လူတို့ထံ သန့်ရှင်းခြင်းမကူးရအောင် အခြားအဝတ်ကို ဝတ်ရမည်။
ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို သူတို့စားရမည်။ အစ္စရေးလူမျိုးတို့ ဆက်ကပ်သောအရာဟူသမျှသည် သူတို့အပိုင်ဖြစ်ရမည်။
ထို့နောက် ငါ့အား အပြင်ဝင်းသို့ခေါ်သွားပြီး ဝင်း၏ထောင့်လေးထောင့်ကို လှည့်ပတ်ကြည့်စေ၏။ ထောင့်တစ်ထောင့်စီတွင် ဝင်းငယ်တစ်ခုစီရှိသည်ကို တွေ့ရ၏။
ထိုသူက ငါ့အား “ဤနေရာသည် လူတို့ပေးလှူသောယဇ်ကောင်ကို အိမ်တော်အမှုထမ်းတို့ ချက်ပြုတ်ပေးရသော မီးဖိုဆောင်ဖြစ်၏”ဟု ပြောပြ၏။
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
ထိုနေ့ရက်တွင် မြင်းချူလုံးများ၌ “ထာဝရဘုရား၌ သန့်ရှင်းခြင်း”ဟု ရေးထိုးထားလိမ့်မည်။ ထာဝရဘုရားအိမ်တော်ရှိ အိုးတို့သည်လည်း ယဇ်ပလ္လင်ရှေ့ရှိ ဇလုံများကဲ့သို့ ဖြစ်လိမ့်မည်။