ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
ယေဇကျေလ 46:12 - မြန်မာ့စံမီသမ္မာကျမ်း စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို မင်းသားသည် ထာဝရဘုရားထံ စေတနာအလျောက်ဆက်သသောအခါ အရှေ့မုခ်ဆောင်တံခါးကို ဖွင့်ထားရမည်။ သူသည် ဥပုသ်နေ့တွင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဆက်သသကဲ့သို့ ဆက်သရမည်။ ဆက်သပြီး ပြန်ထွက်သွားသောအခါ တံခါးကို ပြန်ပိတ်ထားရမည်။ Common Language Bible ``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ပြည့် ရှင် မင်း သည်၊ ထာ ဝ ရ ဘု ရား အ ဖို့ မီး ရှို့ ရာ သ က္ကာ ကို သော် လည်း ကောင်း၊ မိဿ ဟာ ယ သ က္ကာ ကို သော် လည်း ကောင်း၊ စေ တ နာ အ လျောက် စီ မံ သော အ ခါ တိုင်း၊ အ ရှေ့ တံ ခါး ဖွင့် ပြီး မှ၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ရ သ က္ကာ များ ကို၊ ဥ ပုသ် နေ့ ထုံး နည်း အ လိုက် စီ မံ၍ ထွက် သွား စေ၊ ထွက် လျှင် ထွက် ချင်း၊ တံ ခါး ကို ပိတ် ရ မည်။ Judson Bible မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရားအား ပူဇော်သကာ ပြုသောအခါ၊ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည် ဥပုသ်နေ့၌မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှထွက်သွား၍ တံခါးကို ပိတ်ထားရမည်။ |
ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။
ရှောလမုန်မင်းကြီးနှင့် သူ့ထံသို့စုဝေးရောက်ရှိလာသောအစ္စရေးလူထုအပေါင်းတို့သည် သေတ္တာတော်ရှေ့တွင် မရေမတွက်နိုင်အောင်များပြားလှသော သိုးနွားတို့ကို ပူဇော်ကြ၏။
အရပ်ရပ်၌ကြွင်းကျန်သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်အဖို့ ရွှေငွေ၊ ပစ္စည်းဥစ္စာ၊ တိရစ္ဆာန်တို့မှစ၍ စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာတို့ကို မိမိတို့နေထိုင်ရာအရပ်မှ ကူညီထောက်ပံ့ပါစေ”ဟု မိန့်မှာ၏။
ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
နောက်တစ်ဖန် ထိုသူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသောသန့်ရှင်းရာဌာန၏အပြင်တံခါးသို့ ခေါ်ဆောင်သွား၏။ ထိုတံခါးသည် ပိတ်ထားလျက်ရှိ၏။
မင်းသားတစ်ပါးသာလျှင် ထိုတံခါးနားတွင်ထိုင်၍ ထာဝရဘုရားရှေ့တော်၌စားသောက်ရမည်။ သူသည် ထိုတံခါး၏ဆင်ဝင်လမ်းဖြင့်ဝင်၍ ထိုလမ်းဖြင့်ပင် ပြန်ထွက်ရမည်”ဟု မိန့်တော်မူ၏။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
မင်းသားဝင်လာမည်ဆိုလျှင် မုခ်ဆောင်ဆင်ဝင်လမ်းမှ ဝင်လာရမည်။ ထိုလမ်းအတိုင်း ပြန်ထွက်ရမည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
ထာဝရဘုရား၏ဥပုသ်နေ့ကိုစောင့်ထိန်းသည်သာမက၊ သင်တို့၏ပူဇော်သက္ကာများ၊ သင်တို့၏ကတိသစ္စာအလျောက်ပူဇော်သောအရာအားလုံး၊ သင်တို့၏စေတနာအလျောက်ပူဇော်သောအရာအားလုံးတို့ကို ထာဝရဘုရားအား ပူဇော်ရမည်။
ကတိသစ္စာပြုခြင်းအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်ခြင်းအတွက် ပူဇော်သောယဇ်ဖြစ်လျှင် ထိုယဇ်ကောင်ကို ပူဇော်သောနေ့၌ စားရမည်။ အကျန်ကို နောက်တစ်နေ့၌လည်း စားခွင့်ရှိ၏။
ဤသည်ကား သင်တို့၏ကတိသစ္စာအလျောက်၊ သင်တို့၏စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ သွန်းလောင်းရာပူဇော်သက္ကာများနှင့် မိတ်သဟာယယဇ်များအပြင် သတ်မှတ်ထားသောပွဲတော်၌ ထာဝရဘုရားအဖို့ ပူဇော်ရသော ပူဇော်သက္ကာများဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။