ဥပုသ်နေ့တွင် မင်းသားသည် အပြစ်အနာအဆာကင်းသော သိုးသငယ်ခြောက်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ယူဆောင်လာရမည်။
ယေဇကျေလ 45:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် မင်းသားသည် မိမိအပါအဝင် ပြည်သူပြည်သားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို စီစဉ်ပေးရမည်။ Common Language Bible ပွဲတော်ပထမနေ့၌နန်းစံနေဆဲမင်းသား သည်မိမိ၏အတွက်နှင့်လူအပေါင်းတို့ အတွက်အပြစ်ဖြေရာယဇ်အဖြစ်နွားထီး တစ်ကောင်ကိုပူဇော်ရမည်။- Garrad Bible ပြည့် ရှင် မင်း သည်၊ ကိုယ် တိုင် မှ စ၍၊ ပြည် သူ ပြည် သား အ ပေါင်း တို့ အ တွက်၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ်၊ နွား တစ် ကောင် ကို ပွဲ ဦး နေ့၌ စီ မံ ရ သည့် ပြင်၊ Judson Bible ထိုနေ့၌ မင်းသားသည် ကိုယ်ဖို့လည်းကောင်း၊ ပြည်သူပြည်သား အပေါင်းတို့ဖို့လည်းကောင်း၊ နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ် ပူဇော်ရမည်။ |
ဥပုသ်နေ့တွင် မင်းသားသည် အပြစ်အနာအဆာကင်းသော သိုးသငယ်ခြောက်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ယူဆောင်လာရမည်။
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးနှစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ကို အစ္စရေးအမျိုးသားလူထုထံမှ ယူရမည်။
အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
သူတို့ကျူးလွန်သောအပြစ်ထင်ရှားလျှင် ထိုလူအစုအဝေးသည် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ ထိုနွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ ဆွဲခေါ်လာရမည်။
ထိုနွားထီးကို တပ်စခန်း၏အပြင်ဘက်သို့ ယူသွား၍ ပထမနွားထီးကိုရှို့သည့်အတိုင်း ရှို့ရမည်။ ဤသည်ကား လူအစုအဝေးအတွက်အပြစ်ဖြေရာယဇ်ဖြစ်၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။