ယေဇကျေလ 45:18 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ပထမလ၊ ပထမရက်တွင် အပြစ်အနာအဆာကင်းသော နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်အောင်ပြုရမည်။ Common Language Bible အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။- Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ပ ဌ မ လ တစ် ရက် တွင်၊ ကြန် အင် စုံ သော နွား ပေါက် ကို ရွေး ပြီး လျှင်၊ သန့် ရှင်း ရာ ဌာ န ကို စင် ကြင် စေ ရန်၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။ |
“ပထမလ၏ပထမနေ့၌ သင်သည် တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၍
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ထံသို့ဆည်းကပ်၍ အမှုတော်ထမ်းဆောင်သောယဇ်ပုရောဟိတ် လေဝိအမျိုးဇာဒုတ်၏သားစဉ်မြေးဆက်တို့အား သင်သည် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးပျိုတစ်ကောင်ကို ပေးရမည်’ဟု မိန့်တော်မူ၏။
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
ဒုတိယနေ့တွင် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော ဆိတ်ထီးကလေးတစ်ကောင်ကို ပူဇော်ရမည်။ သူတို့သည် ယဇ်ပလ္လင်ကို နွားထီးအသွေးဖြင့် စင်ကြယ်စေသကဲ့သို့ ဆိတ်ထီးအသွေးအားဖြင့်လည်း စင်ကြယ်စေရမည်။
သင်သည် ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးနောက် နွားအုပ်ထဲမှ အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးအုပ်ထဲမှ အပြစ်အနာအဆာကင်းသော သိုးထီးတစ်ကောင်ကို ပူဇော်ရမည်။
ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ခုနစ်ရက်ပတ်လုံး ပြုရမည်။ ထိုသို့ စင်ကြယ်စေပြီးမှ ယဇ်ပလ္လင်ကို ဆက်ကပ်ရမည်။
မရည်ရွယ်ဘဲအပြစ်ကျူးလွန်မိသူ၊ သို့မဟုတ် မသိနားမလည်ဘဲအပြစ်ကျူးလွန်မိသူတို့အတွက် လဆန်းခုနစ်ရက်နေ့တွင် အပြစ်ဖြေလွှတ်ခြင်းကို ထိုသို့ ပြုပေးရမည်။ ဤနည်းဖြင့် အိမ်တော်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။
ဤသို့ဖြင့် သူသည် အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းကြောင့်၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကြောင့် သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ထိုနည်းတူ သူတို့နှင့်အတူ သူတို့၏မစင်ကြယ်ခြင်းအလယ်၌ တည်နေသော တွေ့ဆုံစည်းဝေးရာတဲတော်အတွက်လည်း ပြုရမည်။
အသန့်ရှင်းဆုံး သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ယဇ်ပုရောဟိတ်များနှင့်လူအစုအဝေးအပေါင်းတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
အနာအဆာပါသောမည်သည့်အကောင်ကိုမျှ မပူဇော်ရ။ ပူဇော်လျှင် သင်တို့အား လက်ခံတော်မူမည်မဟုတ်။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။
ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။