ရှလ္လုံသည် ယခုချိန်ထိ ဘုရင်ထွက်ဝင်ရာအရှေ့ဘက်မြို့တံခါး၏တံခါးမှူး ဖြစ်၏။ ဤသူတို့သည် လေဝိသားမြေးတို့၏တပ်စခန်း၌ တံခါးစောင့်များ ဖြစ်ကြ၏။
ယေဇကျေလ 44:1 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်ဖန် ထိုသူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသောသန့်ရှင်းရာဌာန၏အပြင်တံခါးသို့ ခေါ်ဆောင်သွား၏။ ထိုတံခါးသည် ပိတ်ထားလျက်ရှိ၏။ Common Language Bible ထိုလူသည်ငါ့အားဗိမာန်တော်မြေယာ၏ အရှေ့ဘက်ပိုင်း၌ရှိသော အပြင်မုခ်ပေါက် သို့ခေါ်ဆောင်သွား၏။ မုခ်တံခါးသည်ပိတ် လျက်ရှိ၏။- Garrad Bible ထို့ နောက်၊ သန့် ရှင်း ရာ ဌာ န အ ရှေ့ ဘက်၊ အ ပြင် တံ ခါး သို့ ငါ့ ကို ခေါ် သွား ပြန်၍၊ ပိတ် ထား သည် ကို တွေ့ သော်၊ Judson Bible ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးသို့ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။ |
ရှလ္လုံသည် ယခုချိန်ထိ ဘုရင်ထွက်ဝင်ရာအရှေ့ဘက်မြို့တံခါး၏တံခါးမှူး ဖြစ်၏။ ဤသူတို့သည် လေဝိသားမြေးတို့၏တပ်စခန်း၌ တံခါးစောင့်များ ဖြစ်ကြ၏။
ထိုအခါ ယောရှဖတ်မင်းကြီးက ယုဒပြည်သူဂျေရုဆလင်မြို့သား လူအစုအဝေးတို့ရှေ့၊ ထာဝရဘုရား၏အိမ်တော်ဝင်းအသစ်ရှေ့တွင် ရပ်လျက်
ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။
ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။
ထို့နောက် အရှေ့မုခ်ဆောင်တံခါးဝသို့သွား၍ လှေကားကိုတက်ပြီးမှ တံခါးဝရှိ တံခါးခုံကိုတိုင်းရာ အနံကျူချောင်းတစ်ပြန်စာရှိ၏။ နောက်တံခါးခုံတစ်ခုမှာလည်း အနံကျူချောင်းတစ်ပြန်စာရှိ၏။
ယဇ်ပုရောဟိတ်တို့သည် ထိုသန့်ရှင်းသောနေရာထဲသို့ဝင်ပြီး အပြင်ဝင်းသို့ ပြန်ထွက်သောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်တို့ကို ချွတ်ထားခဲ့ရမည်။ မချွတ်ထားခဲ့ဘဲ ထွက်မလာရ။ အကြောင်းမှာ ထိုအဝတ်တို့သည် သန့်ရှင်း၏။ အဝတ်လဲပြီးမှ လူအများရှိရာသို့ သွားရ၏”ဟု ဆို၏။
ထို့နောက် သူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးသို့ ခေါ်ဆောင်သွား၏။
ထာဝရဘုရား၏ဘုန်းတော်သည် အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးကိုဖြတ်၍ အိမ်တော်ထဲသို့ဝင်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။
စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို မင်းသားသည် ထာဝရဘုရားထံ စေတနာအလျောက်ဆက်သသောအခါ အရှေ့မုခ်ဆောင်တံခါးကို ဖွင့်ထားရမည်။ သူသည် ဥပုသ်နေ့တွင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဆက်သသကဲ့သို့ ဆက်သရမည်။ ဆက်သပြီး ပြန်ထွက်သွားသောအခါ တံခါးကို ပြန်ပိတ်ထားရမည်။