ယေဇကျေလ 44:1 - Common Language Bible1 ထိုလူသည်ငါ့အားဗိမာန်တော်မြေယာ၏ အရှေ့ဘက်ပိုင်း၌ရှိသော အပြင်မုခ်ပေါက် သို့ခေါ်ဆောင်သွား၏။ မုခ်တံခါးသည်ပိတ် လျက်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို့ နောက်၊ သန့် ရှင်း ရာ ဌာ န အ ရှေ့ ဘက်၊ အ ပြင် တံ ခါး သို့ ငါ့ ကို ခေါ် သွား ပြန်၍၊ ပိတ် ထား သည် ကို တွေ့ သော်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးသို့ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 နောက်တစ်ဖန် ထိုသူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသောသန့်ရှင်းရာဌာန၏အပြင်တံခါးသို့ ခေါ်ဆောင်သွား၏။ ထိုတံခါးသည် ပိတ်ထားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။