ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍ အတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ ကြည့်ရှုလော့။ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အား ချီဆောင်တော်မူပြီးလျှင်တံတိုင်းအတွင်း ဝင်းထဲသို့ယူဆောင်သွားတော်မူ၏။ ဗိမာန်တော် သည်ထာဝရဘုရား၏ဘုန်းအသရေတော် ဖြင့်ပြည့်လျက်နေသည်ကိုထိုအရပ်မှမြင် ရ၏။-
ဝိ ညာဉ် တော် သည် ငါ့ ကို ချီ ဆောင်၍၊ အ တွင်း တံ တိုင်း သို့ ပို့ သွင်း ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ဘုန်း တော် နှင့် ဗိ မာန် တော် ပြည့် လျက် ရှိ သည် ကို ငါ မြင် ၏။
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်းတံတိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တစ်အိမ်လုံးကို ဖြည့်တော်မူ၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။
ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ဘုရားသခင်၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိ၏။
ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။
အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။”
ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။
ထိုအလင်းသည် မိုးရွာသောနေ့၌ မိုးတိမ်တွင်ထွက်ပေါ်လာသော သက်တံ၏အရောင်ကဲ့သို့ ပတ်ပတ်လည်တွင် ရောင်ခြည်ဖြာထွက်နေ၏။ ထာဝရဘုရား၏ဘုန်းအသရေ ထွန်းလင်းသကဲ့သို့ဖြစ်၏။ ထိုအရာကိုမြင်၍ ငါပျပ်ဝပ်လျက်နေစဉ် တစ်စုံတစ်ယောက်စကားပြောသောအသံကို ငါကြားရ၏။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
တစ်ဖန် ဝိညာဉ်တော်သည် ငါ့ကို အရှေ့ဘက်သို့မျက်နှာမူသော ထာဝရဘုရားအိမ်တော်အရှေ့တံခါးသို့ ချီဆောင်သွား၏။ ထိုတံခါးဝ၌ လူနှစ်ဆယ့်ငါးယောက်ကို ငါတွေ့၏။ သူတို့အလယ်တွင် လူမျိုးတော်၏အကြီးအကဲဖြစ်သော အဇ္ဇုရ၏သားယာဇညာနှင့် ဗေနာယ၏သားပေလတိတို့ကိုလည်း ငါတွေ့၏။
ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူသောဗျာဒိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို သုံ့ပန်းတို့ရှိရာ ခါလဒဲပြည်သို့ ပြန်ချီဆောင်လာ၏။ ထို့နောက် ငါမြင်ရသော ဗျာဒိတ်အာရုံသည် ပျောက်ကွယ်သွား၏။
သင်မသိသောဘာသာစကား၊ သင်နားမလည်သောဘာသာစကားကို ပြောဆိုသောလူမျိုးထံသို့ သင့်ကိုငါစေလွှတ်သည်မဟုတ်။ အစ္စရေးလူမျိုးထံသို့ စေလွှတ်ခြင်းဖြစ်၏။
ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သက်ရောက်၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့ကိုခေါ်ဆောင်သွားပြီး အရိုးများနှင့်ပြည့်သော ချိုင့်ဝှမ်းတစ်ခုအလယ်တွင် ချထား၏။
နိမိတ်အာရုံထဲတွင် ဘုရားသခင်က ငါ့ကို အစ္စရေးပြည်သို့ဆောင်သွား၍ အလွန်မြင့်သောတောင်ပေါ်တွင်ချထား၏။ တောင်ဘက်တွင် မြို့နှင့်တူသောအဆောက်အအုံကို တွေ့ရ၏။
ထို့နောက် ထိုသူသည် ငါ့အား မြောက်ဘက်ဝင်ပေါက်လမ်းမှ အိမ်တော်ရှေ့သို့ ခေါ်ဆောင်သွား၏။ ငါကြည့်လိုက်သော် ထာဝရဘုရား၏အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေသည်ကို တွေ့ရ၏။ ငါသည်လည်း ပျပ်ဝပ်လေ၏။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။
ရေထဲမှတက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ချီဆောင်သွားတော်မူသဖြင့် ထိုမှူးမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့ရတော့ပေ။ သို့သော် သူသည် ဝမ်းမြောက်လျက် မိမိ၏ခရီးကို ဆက်သွားလေ၏။