အိမ်တော်ပတ်ပတ်လည်၌ စင်္ကြံရှိသည်ကို ငါတွေ့ရ၏။ ထိုစင်္ကြံမှာ အခန်းငယ်တို့၏အုတ်မြစ်ဖြစ်၍ အမြင့်မှာ ခြောက်တောင်ရှည်သော ကျူချောင်းတစ်ပြန်စာရှိ၏။
ငါသည်ဗိမာန်တော်ပတ်လည်တွင်လှေကား ထစ်မြေပြန့်ရှိသည်ကိုတွေ့မြင်ရ၏။ ယင်း သည်ပတ်ဝန်းကျင်မြေရာထက်ဆယ်ပေ ပို၍မြင့်ပြီးလျှင် ဗိမာန်တော်နံရံတွင် ဆောက်လုပ်ထားသည့်အခန်းများ၏အုတ် မြစ်နှင့်တပြေးတည်းဖြစ်၍နေလေသည်။ ထိုအခန်းများ၏အပြင်နံရံသည်ရှစ်ပေ ထူ၏။ လှေကားထစ်မြေပြန့်နှင့်ယဇ်ပုရော ဟိတ်တို့၏အခန်းများစပ်ကြားဗိမာန် တော်ပတ်လည်တွင်သုံးဆယ့်လေးပေ ကျယ်သောမြေလွတ်ရှိ၏။ ဗိမာန်တော်၏ မြောက်ဘက်၌ရှိအခန်းများသို့ဝင်ရန် တံခါးတစ်ပေါက်၊ တောင်ဘက်၌ရှိသော အခန်းများသို့ဝင်ရန်တံခါးတစ်ပေါက် ရှိ၏။ ဗိမာန်တော်ပတ်လည်၌ရှိသော လှေကားထစ်မြေပြန့်သည်အနံရှစ် ပေရှိသတည်း။
အ ခန်း ငယ် အ မြစ် အ ခြေ အ ဖြစ်၊ ဗိ မာန် တော် ပတ် လည်၌၊ တစ် ညီ တည်း ခြောက် တောင် ရှည် တာ တစ် ဝါး မြင့် သော၊ သ မံ တ လင်း ရှိ သည် ကို ငါ မြင် ၏။
အိမ်တော်အထက်ပိုင်းပတ်လည်၌ အမြင့်ဆုံးသော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတစ်ပြန်မျှ ကျယ်ကြ၏။
ကြည့်ရှုလော့။ အိမ်တော်အပြင်ဘက်ပတ်ပတ်လည်တွင် တံတိုင်းရှိ၏။ ထိုသူသည် အရှည်ခြောက်တောင်ရှိသော တိုင်းစရာကျူတစ်ချောင်းကိုကိုင်ထား၏။ ထိုကျူချောင်းတစ်တောင်လျှင် လူ့လက်တစ်တောင်နှင့်လက်တစ်ဝါးရှိ၏။ တံတိုင်းကိုတိုင်းတာရာ အနံကျူချောင်းတစ်ပြန်စာ၊ အမြင့်ကျူချောင်းတစ်ပြန်စာရှိ၏။
ယဇ်ပလ္လင်၏အရွယ်အစားမှာ ဤသို့ဖြစ်၏။ ယဇ်ပလ္လင်အောက်ခြေအဆင့်သည် တစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ (ဤတွင် တစ်တောင်ဆိုသည်မှာ လူလက်တစ်တောင်နှင့်လက်တစ်ဝါးစာအတိုင်းအတာကို ဆိုလိုသည်။) ပတ်ပတ်လည်အနားကွပ်အကျယ်မှာ တစ်ထွာရှိရမည်။ ဤကား ယဇ်ပလ္လင်အောက်ခြေအဆင့်ဖြစ်၏။
ထိုမြို့သည် စတုရန်းပုံရှိ၍ ၎င်း၏အလျားနှင့်အနံသည် တူညီ၏။ ကောင်းကင်တမန်သည် ရွှေကျူရိုးဖြင့် မြို့ကိုတိုင်းလေရာ မိုင်ပေါင်းတစ်ထောင့်သုံးရာရှစ်ဆယ်ခန့် ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။