အိမ်တော်နံရံနှင့်ကပ်လျက် အခန်းများ ပတ်ပတ်လည်ဆောက်ထား၏။ ထိုအခန်းများကို အိမ်တော်၏ပင်မဆောင်နှင့် သန့်ရှင်းရာဌာနနံရံများတွင် ပတ်ပတ်လည်ဆောက်ထား၏။
ယေဇကျေလ 41:7 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်အတွင်းပတ်ပတ်လည်ရှိ အခန်းများသည် အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အကြောင်းမူကား အိမ်တော်၏ပုံစံသည် အောက်၌ကျဉ်းပြီး အထက်သို့ကျယ်သွားသောကြောင့် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်တို့သည်လည်း အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အောက်ထပ်မှ အပေါ်ဆုံးထပ်သို့ တက်သွားသောအခါ အလယ်ထပ်ကို ဖြတ်သွားရ၏။ Common Language Bible သို့ဖြစ်၍အောက်ထပ်မှအလယ်ထပ်သို့ လည်းကောင်း၊ အလယ်ထပ်မှအထက်ထပ် သို့လည်းကောင်းသွားလာနိုင်ကြ၏။ ဗိမာန် တော်နံရံပတ်လည်မှအခန်းများ၏ရှေ့ တွင်လှေကားကျယ်နှစ်ခုရှိ၏။ ထိုအခန်း ရှိနေခြင်းကြောင့်ဗိမာန်တော်နံရံများ ၏ထုထည်ကိုအောက်ဆုံးမှအထက်ဆုံး အထိတစ်ညီတည်းဟုထင်မှတ်ရ၏။- Garrad Bible ဗိ မာန် တော် ကို၊ တစ် ဆင့် ထက် တစ် ဆင့် ပတ် လည်၊ အ ခန်း ငယ် များ သည်၊ တစ် ဆင့် ထက် တစ် ဆင့် ကျယ် သည့် အ လျောက်၊ အ ထက် ဆင့် အ ကျယ် ဆုံး ဖြစ်၏။ အောက် ဆင့် မှ အ ထက် ဆင့် သို့ တက် သော်၊ အ လယ် ဆင့် ကို ဝင်၍ တက် ရ ၏။ Judson Bible ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့်သို့လည်းကောင်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့လည်းကောင်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တစ်လျှောက်လုံး ဆက်ကာဆက်ကာ ဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့်တက်၏။ |
အိမ်တော်နံရံနှင့်ကပ်လျက် အခန်းများ ပတ်ပတ်လည်ဆောက်ထား၏။ ထိုအခန်းများကို အိမ်တော်၏ပင်မဆောင်နှင့် သန့်ရှင်းရာဌာနနံရံများတွင် ပတ်ပတ်လည်ဆောက်ထား၏။
မြေညီထပ်ရှိဝင်ပေါက်မှာ အိမ်တော်၏ယာဘက်ခြမ်းတွင်ရှိ၏။ ကြောင်လိမ်လှေကားဖြင့် အလယ်ထပ်၊ တတိယထပ်တို့သို့ တက်ရောက်နိုင်၏။
၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် ခရစ်တော်နှင့်ဆိုင်သည့် အခြေခံသွန်သင်ချက်ကို ထားရစ်ခဲ့၍ စုံလင်ရင့်ကျက်ခြင်းသို့ တက်လှမ်းကြကုန်စို့။ သေခြင်းနှင့်ဆိုင်သောအကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊