အမြင့်ဆယ်တောင်စီရှိသောခေရုဗိမ်နှစ်ပါးကို သံလွင်သားဖြင့်ထုလုပ်၍ သန့်ရှင်းရာဌာနတော်တွင်ထား၏။
ယေဇကျေလ 41:24 - မြန်မာ့စံမီသမ္မာကျမ်း တံခါးပေါက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်၊ နောက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်ပါ၏။ Common Language Bible ယင်းတို့သည်အလယ်မှဖွင့်ရသောနှစ် ရွက်တံခါးများဖြစ်ကြ၏။- Judson Bible တံခါးတို့သည်လည်း တပ်သော တံခါးရွက်နှစ်ရွက်စီရှိ၏။ |
အမြင့်ဆယ်တောင်စီရှိသောခေရုဗိမ်နှစ်ပါးကို သံလွင်သားဖြင့်ထုလုပ်၍ သန့်ရှင်းရာဌာနတော်တွင်ထား၏။
တံခါးချပ်နှစ်ချပ်ကို ထင်းရှူးသားနှင့်ပြုလုပ်ထားပြီး တံခါးချပ်တစ်ချပ်စီတွင် ခေါက်၍ရသောတံခါးရွက်နှစ်ရွက်စီ ပါရှိ၏။
မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ထို့နောက် ငါ့အား အိမ်တော်၏ဆင်ဝင်သို့ခေါ်ဆောင်သွားပြီး ဆင်ဝင်တိုင်ကိုတိုင်းရာ ဆင်ဝင်တစ်ဖက်တွင် ထုငါးတောင်၊ အခြားတစ်ဖက်တွင် ထုငါးတောင်ရှိ၏။ တံခါးပေါက်တစ်ဖက်တွင် ထုသုံးတောင်၊ အခြားတစ်ဖက်တွင် ထုသုံးတောင်ရှိ၏။
သင်သည် မြို့တစ်မြို့ကို သိမ်းယူရန် အချိန်ကြာမြင့်စွာဝိုင်းရံတိုက်ခိုက်သောအခါ ထိုမြို့ရှိသစ်ပင်ကို ပုဆိန်နှင့်ပေါက်၍ မဖျက်ဆီးရ။ ထိုအပင်တို့မှ အသီးကို သင်စားသုံးနိုင်သည်ဖြစ်၍ ထိုအပင်တို့ကို မခုတ်လှဲရ။ ကွင်းပြင်ရှိသစ်ပင်တို့ကို သင်ဝိုင်းရံတိုက်ခိုက်ရလေအောင် သစ်ပင်ကား လူလော။