သစ်ကတိုးများသည် အကျွန်ုပ်တို့၏အိမ်ရက်မ၊ ထင်းရှူးများသည် အကျွန်ုပ်တို့၏အိမ်ဒိုင်း ဖြစ်ပါ၏။
ယေဇကျေလ 41:15 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။ Common Language Bible ထိုလူသည်ဝဲယာရှိစင်္ကြံများအပါအဝင် ဗိမာန်တော်၏အနောက်ဘက်ကိုတိုင်းတာ ကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကို တွေ့ရ၏။ ဗိမာန်တော်မုခ်ဦးခန်း၊ ခန်းမဆောင်ကြီးနှင့် အလွန်သန့်ရှင်းရာဌာနတော်တို့၏နံရံ များကို၊- Garrad Bible ဗိ မာန် တော် ကျော ဘက် မ ဟာ ရံ စွန်း ရှိ အ ဆောင် ကို၊ ဝဲ ယာ ရှိ စင်္ကြံ များ ပါ၊ အ တောင် တစ် ရာ စီ တိုင်း၏။ အ တွင်း ခန်း၊ အ ပြင် ခန်း တံ တိုင်း လှည့် မုတ် ဆောင်၊ Judson Bible လွတ်လပ်သောအရပ်၌ ကာသောရှေ့တံတိုင်းနှင့် နောက်တံတိုင်းကို တိုင်း၍၊ တစ်ဖက်တစ်ချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တစ်ရာရှိ၏။ |
သစ်ကတိုးများသည် အကျွန်ုပ်တို့၏အိမ်ရက်မ၊ ထင်းရှူးများသည် အကျွန်ုပ်တို့၏အိမ်ဒိုင်း ဖြစ်ပါ၏။
သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
အနောက်ဘက်တွင် မြေကွက်လပ်ဘက်မျက်နှာမူသော အဆောက်အအုံတစ်ခုရှိ၏။ အနံအတောင်ခုနစ်ဆယ်၊ အလျားအတောင်ကိုးဆယ်ရှိ၏။ အဆောင်ပတ်ပတ်လည်ရှိ နံရံ၏အထူမှာ ငါးတောင်ရှိ၏။
ထို့နောက် အိမ်တော်ကိုတိုင်းရာ အရှည်အတောင်တစ်ရာရှိ၏။ မြေကွက်လပ်၊ အဆောက်အအုံနှင့် အဆောက်အအုံနံရံအပါအဝင် အရှည်အတောင်တစ်ရာရှိ၏။
တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။
တံခါးဝ၏အပေါ်ဘက်၊ အိမ်တော်၏အတွင်းခန်း၊ အပြင်ခန်းအပေါ်ဘက်နှင့် အတွင်းခန်း၊ အပြင်ခန်းပတ်ပတ်လည်ရှိနံရံတို့တွင်
ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။
တောင်ဘက်တွင်လည်း ဝင်းတံတိုင်းအရှည်တစ်လျှောက် မြေကွက်လပ်ဘက်မျက်နှာမူထားသော တောင်ဘက်အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် အဆောင်ခန်းများရှိ၏။
ထိုသူသည် အိမ်တော်အတွင်းပိုင်းကို တိုင်းတာပြီးနောက် ငါ့အား အရှေ့ဘက်မုခ်ဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ပတ်ပတ်လည်ကို တိုင်းတာ၏။
အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
အပေါ်ဆုံးထပ်၏အခန်းများမှာ ကျဉ်း၏။ အကြောင်းမှာ အဆောင်အပေါ်ဆုံးထပ်၏လျှောက်လမ်းသည် အောက်ဆုံးထပ်နှင့် အလယ်ထပ်တို့ထက် နေရာယူထားသောကြောင့်ဖြစ်၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ‘သင်သည် ငါ့လမ်းစဉ်များအတိုင်း လိုက်လျှောက်ပြီး ငါညွှန်ကြားသည့်အတိုင်း လိုက်နာမည်ဆိုလျှင် ငါ့အိမ်တော်တွင် တာဝန်ထမ်းရသောအခွင့်၊ ငါ့ဝင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသောအခွင့်ကို ပေးမည်။ ရပ်နေသော ဤသူတို့နှင့်အတူ ဝင်ထွက်သွားလာရသောအခွင့်ကိုလည်း သင့်အား ငါပေးမည်။