ယေဇကျေလ 42:5 - မြန်မာ့စံမီသမ္မာကျမ်း5 အပေါ်ဆုံးထပ်၏အခန်းများမှာ ကျဉ်း၏။ အကြောင်းမှာ အဆောင်အပေါ်ဆုံးထပ်၏လျှောက်လမ်းသည် အောက်ဆုံးထပ်နှင့် အလယ်ထပ်တို့ထက် နေရာယူထားသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible5 အမြင့်ပိုင်းတွင်ရှိသည့်အခန်းများသည် အလယ်ပိုင်းနှင့်အနိမ့်ပိုင်းတွင်ရှိသည့် အခန်းများထက်ပို၍ကျဉ်း၏။ အဘယ် ကြောင့်ဆိုသော်ထိုအခန်းတို့ကိုနောက်သို့ ဆုတ်၍ဆောက်လုပ်ထားသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible5-6 အ ဆင့် သုံး ထပ် ရှိ သော ထို တိုက်၌၊ တံ တိုင်း များ ကဲ့ သို့၊ တိုင် များ မ ရှိ သည့် အ တွက်၊ စင်္ကြံ များ ကြောင့် ဆုတ် ရ သော အ ထက် ခန်း များ သည်၊ အောက် ခန်း၊ အ လယ် ခန်း များ ထက် ကျဉ်း လျက် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible5 အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
အိမ်တော်အတွင်းပတ်ပတ်လည်ရှိ အခန်းများသည် အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အကြောင်းမူကား အိမ်တော်၏ပုံစံသည် အောက်၌ကျဉ်းပြီး အထက်သို့ကျယ်သွားသောကြောင့် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်တို့သည်လည်း အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အောက်ထပ်မှ အပေါ်ဆုံးထပ်သို့ တက်သွားသောအခါ အလယ်ထပ်ကို ဖြတ်သွားရ၏။