တောင်များသည် ဂျေရုဆလင်မြို့ကိုဝန်းရံထားသကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို ယခုမှစ၍ ကာလအစဉ်အဆက်ဝန်းရံထားတော်မူ၏။
ယေဇကျေလ 40:5 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ အိမ်တော်အပြင်ဘက်ပတ်ပတ်လည်တွင် တံတိုင်းရှိ၏။ ထိုသူသည် အရှည်ခြောက်တောင်ရှိသော တိုင်းစရာကျူတစ်ချောင်းကိုကိုင်ထား၏။ ထိုကျူချောင်းတစ်တောင်လျှင် လူ့လက်တစ်တောင်နှင့်လက်တစ်ဝါးရှိ၏။ တံတိုင်းကိုတိုင်းတာရာ အနံကျူချောင်းတစ်ပြန်စာ၊ အမြင့်ကျူချောင်းတစ်ပြန်စာရှိ၏။ Common Language Bible ငါမြင်ရသောအရာမှာဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်ကိုတံတိုင်းကာရံထား၏။ ကူလုံးကိုကိုင်ထားသောလူသည်ထိုဆယ်ပေရှည်သောကူလုံးဖြင့်တံတိုင်းကိုတိုင်းထွာကြည့်၏။ တံတိုင်းသည်အမြင့်ဆယ်ပေ၊ ထုဆယ်ပေရှိ၏။- Garrad Bible ဗိ မာန် တော် အ ပြင် ပတ် လည်၌၊ တံ တိုင်း ရိုး ရှိ သ ဖြင့်၊ သံ တောင် ခြောက် တောင် ရှည် လျား သော တာ ဝါး ကို၊ ကိုင် စွဲ သော ထို သူ သည်၊ တံ တိုင်း ရိုး ထု အ မြင့် ကို၊ တာ တစ် ဝါး စီ တိုင်း ပြီး လျှင်၊ Judson Bible အိမ်တော်ပြင်ပတ်လည်၌ တံတိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင်ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတံတိုင်းကိုတိုင်း၍ အထုကျူတစ်ပြန်၊ အမြင့်လည်း ကျူတစ်ပြန်ရှိ၏။ |
တောင်များသည် ဂျေရုဆလင်မြို့ကိုဝန်းရံထားသကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို ယခုမှစ၍ ကာလအစဉ်အဆက်ဝန်းရံထားတော်မူ၏။
ထိုနေ့ရက်၌ ယုဒပြည်တွင် ဤသီချင်းကို သီဆိုလိမ့်မည်။ “ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကိုယ်တော်သည် ကယ်တင်ခြင်းကို မြို့ရိုးသဖွယ်၊ တံတိုင်းသဖွယ် တည်တော်မူမည်။
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
အိမ်တော်ပတ်ပတ်လည်၌ စင်္ကြံရှိသည်ကို ငါတွေ့ရ၏။ ထိုစင်္ကြံမှာ အခန်းငယ်တို့၏အုတ်မြစ်ဖြစ်၍ အမြင့်မှာ ခြောက်တောင်ရှည်သော ကျူချောင်းတစ်ပြန်စာရှိ၏။
ထိုသူသည် အိမ်တော်အတွင်းပိုင်းကို တိုင်းတာပြီးနောက် ငါ့အား အရှေ့ဘက်မုခ်ဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ပတ်ပတ်လည်ကို တိုင်းတာ၏။
သူသည် လေးဖက်စလုံးကိုတိုင်း၏။ ပတ်ပတ်လည်တံတိုင်းကာထား၍ အလျားကျူချောင်းအပြန်ငါးရာ၊ အနံကျူချောင်းအပြန်ငါးရာရှိ၏။ ထိုတံတိုင်းသည် သန့်ရှင်းသောနေရာနှင့် မသန့်ရှင်းသောနေရာကို ခြားထားပေး၏။
ယဇ်ပလ္လင်၏အရွယ်အစားမှာ ဤသို့ဖြစ်၏။ ယဇ်ပလ္လင်အောက်ခြေအဆင့်သည် တစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ (ဤတွင် တစ်တောင်ဆိုသည်မှာ လူလက်တစ်တောင်နှင့်လက်တစ်ဝါးစာအတိုင်းအတာကို ဆိုလိုသည်။) ပတ်ပတ်လည်အနားကွပ်အကျယ်မှာ တစ်ထွာရှိရမည်။ ဤကား ယဇ်ပလ္လင်အောက်ခြေအဆင့်ဖြစ်၏။
ငါသည် ထိုမြို့ကိုဝန်းရံသောမီးမြို့ရိုးဖြစ်မည်။ ငါသည် ထိုမြို့၏ဘုန်းအသရေဖြစ်လိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု ပြောကြားလော့။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)
ထိုမြို့တွင် ကြီးမား၍မြင့်လှသောမြို့ရိုးရှိလျက် တံခါးတစ်ဆယ့်နှစ်ပေါက်ရှိ၏။ တံခါးများတွင် ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးရှိ၍ ထိုတံခါးများပေါ်၌ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုတစ်ဆယ့်နှစ်နွယ်တို့၏အမည်နာမများကို ရေးထိုးထား၏။