အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။
ယေဇကျေလ 40:48 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါ့အား အိမ်တော်၏ဆင်ဝင်သို့ခေါ်ဆောင်သွားပြီး ဆင်ဝင်တိုင်ကိုတိုင်းရာ ဆင်ဝင်တစ်ဖက်တွင် ထုငါးတောင်၊ အခြားတစ်ဖက်တွင် ထုငါးတောင်ရှိ၏။ တံခါးပေါက်တစ်ဖက်တွင် ထုသုံးတောင်၊ အခြားတစ်ဖက်တွင် ထုသုံးတောင်ရှိ၏။ Common Language Bible ထိုနောက်သူသည်ငါ့အားဗိမာန်တော်မုခ်ဦးပေါက်ခန်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်အဝင်ဝကိုတိုင်းတာကြည့်ရာထုရှစ်လက်မ၊ အနံနှစ်ဆယ့်လေးပေရှိသည်ကိုတွေ့ရ၏။ ဝဲယာရှိနံရံများမှာထုငါးပေစီရှိကြ၏။- Garrad Bible ထို နောက် ဗိ မာန် တော် မုတ် ဆောင် သို့၊ ငါ့ ကို ခေါ် သွား သော်၊ မုတ် ဆောင် ဝဲ ယာ ရှိ တံ ခါး တိုင် နံ ရံ ကို၊ ထု ငါး တောင်၊ အ နံ သုံး တောင် စီ တိုင်း ၏။ Judson Bible အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဖက်ကိုတိုင်းလျှင်၊ အကျယ် ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဖက်၊ အနံ သုံးတောင်စီရှိ၏။ |
အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။
အိမ်တော်မျက်နှာစာရှိဆင်ဝင်၏အလျားမှာ အိမ်တော်မျက်နှာစာအကျယ်အတိုင်း အတောင်နှစ်ဆယ်၊ အမြင့်မှာ အတောင်တစ်ရာ့နှစ်ဆယ်ရှိ၏။ ဆင်ဝင်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထား၏။
တံခါးပေါက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်၊ နောက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်ပါ၏။
ဆင်ဝင်ရှိနံရံများတွင်လည်းကောင်း၊ အိမ်တော်အခန်းငယ်များတွင်လည်းကောင်း၊ အမိုးများတွင်လည်းကောင်း ပြတင်းပေါက်ငယ်များနှင့် စွန်ပလွံပင်ပုံများပါရှိ၏။
ထို့နောက် အတွင်းခန်းသို့ဝင်၍ တံခါးအဝင်ဝတိုင်ကိုတိုင်းရာ ထုနှစ်တောင်ရှိ၏။ တံခါးပေါက်အကျယ်မှာ ခြောက်တောင်ရှိ၏။ အဝင်ဝတစ်ဖက်တစ်ချက်ရှိ နံရံအကျယ်မှာ ခုနစ်တောင်စီရှိ၏။