ထို့ပြင် ငါ့အား ‘သင့်သားရှောလမုန်သည် ငါ့အိမ်တော်နှင့် ဝင်းတော်ကို တည်ဆောက်လိမ့်မည်။ သူ့ကိုငါရွေးချယ်ပြီး သူသည် ငါ့သားဖြစ်၍ ငါသည်လည်း သူ့ဖခင် ဖြစ်မည်။
ယေဇကျေလ 40:14 - မြန်မာ့စံမီသမ္မာကျမ်း မုခ်ဆောင်တိုင်များကိုတိုင်းရာ အမြင့်အတောင်ခြောက်ဆယ်စီရှိ၏။ မုခ်ဆောင်တံတိုင်းပတ်ပတ်လည်သည် မုခ်ဆောင်တိုင်အထိမြင့်၏။ Common Language Bible အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။- Garrad Bible တံ ခါး မုတ် ဆောင် ပတ် လည်၌၊ အ ပြင် တံ တိုင်း ရှိ လျက်၊ မုတ် ဆောင် ကို အ တောင် နှစ် ဆယ် တိုင်း၏။ Judson Bible တံခါးပတ်လည် တံတိုင်းအတွင်း၊ ထောင့်တိုင်အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။ |
ထို့ပြင် ငါ့အား ‘သင့်သားရှောလမုန်သည် ငါ့အိမ်တော်နှင့် ဝင်းတော်ကို တည်ဆောက်လိမ့်မည်။ သူ့ကိုငါရွေးချယ်ပြီး သူသည် ငါ့သားဖြစ်၍ ငါသည်လည်း သူ့ဖခင် ဖြစ်မည်။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏တံခါးများထဲသို့လည်းကောင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏အိမ်တော်ဝင်းထဲသို့လည်းကောင်း ဝင်ကြလော့။ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းအဝင်ဝ၏လိုက်ကာကိုလည်းကောင်း၊
ရိတ်သိမ်းသူတို့ကသာစားရ၍ ထာဝရဘုရားကိုချီးမွမ်းကြလိမ့်မည်။ စုသိမ်းသူတို့ကသာ စပျစ်ဝိုင်အသစ်ကို သန့်ရှင်းသောငါ့တံတိုင်းအတွင်း၌ သောက်ရကြလိမ့်မည်”ဟု လက်ယာလက်တော်၊ တန်ခိုးကြီးသောလက်ရုံးတော်ဖြင့် ကျိန်ဆိုတော်မူပြီ။
အခန်းပေါက်ချင်းမျက်နှာချင်းဆိုင်နေသော အခန်းငယ်၏ခေါင်မိုးထိပ်မှ အခြားတစ်ဖက်အခန်းငယ်ခေါင်မိုးထိပ်အထိ မုခ်ဆောင်ကိုတိုင်းရာ နှစ်ဆယ့်ငါးတောင်ရှိ၏။
ဗိမာန်တော်အပြင်ခန်းရှိတံခါးတိုင်သည် စတုရန်းပုံရှိ၍ သန့်ရှင်းရာဌာနရှေ့ရှိတံခါးတိုင်နှင့် ပုံသဏ္ဌာန်ချင်းတူ၏။
ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။
တစ်ဖန် ငါ့ကို ဝင်းတံခါးဝသို့ခေါ်သွားရာ ငါကြည့်သော် နံရံ၌အပေါက်တစ်ခုရှိသည်ကို တွေ့၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကို အာရုန်နှင့်သူ၏သားတို့ စားရမည်။ ၎င်းကို တဆေးမဲ့မုန့်ဖုတ်၍ သန့်ရှင်းသောနေရာ၌ စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်၏ဝင်းထဲ၌ပင် စားရမည်။