တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
ယေဇကျေလ 39:6 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘စိတ်အေးလက်အေးနေနေသော မာဂေါဂပြည်နှင့် ကမ်းရိုးတန်းဒေသတို့တွင် မီးကျစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ Common Language Bible ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။- Garrad Bible မာ ဂေါ ဂ ပြည် မှ စ၍၊ ဘေး မ မြော် မြင် ဘဲ၊ ကမ်း ခြေ တစ် လျှောက် နေ ထိုင် သူ တို့ အ ပေါ် သို့ လောင် မီး ကျ စေ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း၊ ၎င်း တို့ သိ ရ ကြ သည့် ပြင်၊ Judson Bible မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ်စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ |
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
တိုင်ရာဘုရင်အားလုံး၊ ဆီဒုန်ဘုရင်အားလုံး၊ ပင်လယ်တစ်ဖက်ကမ်းရှိ ကမ်းရိုးတန်းဒေသများမှဘုရင်များ၊
အီဂျစ်ပြည်ကို မီးရှို့ပစ်လိုက်သောအခါ သိန်မြို့ အလူးအလိမ့်ခံရမည်။ နောမြို့ ပြိုပျက်သွားမည်။ မင်ဖစ်မြို့ အစဉ်ဆင်းရဲဒုက္ခခံရမည်။
အီဂျစ်ပြည်ကို မီးရှို့၍ သူ့ကိုကူညီသူတို့အား ဖျက်ဆီးပစ်လိုက်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။
ထိုနေ့တွင် ငါသည် တမန်တို့ကို သင်္ဘောဖြင့်စေလွှတ်၍ သူတို့သည် စိတ်အေးလက်အေးနေသော အီသီယိုးပီးယားပြည်သားတို့အား ခြောက်လှန့်မည်။ အီဂျစ်ပြည်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သောနေ့ကဲ့သို့ဖြစ်ရမည့်နေ့ အမှန်ရောက်လာမည်’ဟု မိန့်တော်မူ၏။
အရွတ်ပေါ်လာစေမည်။ အသားတက်လာစေမည်၊ အရေပြားဖြင့် ဖုံးအုပ်စေမည်။ သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့ကို အသက်ရှင်လာစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုအခါ သင်က မြို့ရိုးမရှိသောကျေးရွာများကို ဝင်တိုက်မည်။ တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ မြို့ရိုးမရှိသော်လည်း စိတ်ချလက်ချ အေးအေးဆေးဆေးနေထိုင်သော ထိုပြည်သားတို့ကို ဝင်တိုက်မည်ဟု ပြောလိမ့်မည်။
ရှေဘပြည်၊ ဒေဒန်ပြည်၊ တာရှုပြည်တို့မှ ကုန်သည်များနှင့် သူတို့၏ခြင်္သေ့ပျိုတို့က သင့်အား သင်သည် ပစ္စည်းတို့ကိုလုယူရန် လာသလော။ ရွှေငွေတို့ကို သယ်ဆောင်သွားရန်၊ တိရစ္ဆာန်များနှင့် စည်းစိမ်ဥစ္စာများကို ယူဆောင်သွားရန်၊ အမြောက်အမြားတိုက်ခိုက်လုယက်ရန်၊ ဥစ္စာဘဏ္ဍာတို့ကို တိုက်ခိုက်သိမ်းယူရန် သင်၏လူအုပ်ကြီးကို စုဝေးစေသလောဟု မေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူ၏။
“အချင်းလူသား၊ မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင်ဖြစ်သော မာဂေါဂဘုရင်ဂေါဂမင်းကြီးရှိရာသို့မျက်နှာမူပြီး သူ့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ဂေါမာအမျိုးနှင့်သူ၏စစ်သည်များ၊ မြောက်ပြည်စွန်းမှ တောဂါမအမျိုးအနွယ်နှင့် သူ၏စစ်သည်များ စသော လူအမြောက်အမြားတို့လည်း သင်နှင့်အတူပါလာမည်။
ငါမိန့်ဆိုထားသည့်အတိုင်း သင်သည် ကွင်းပြင်တွင် လဲကျသေဆုံးရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် တိုင်ရာမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် ဂါဇမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
ကမ္ဘာမြေကြီးလေးမျက်နှာရှိ လူမျိုးများဖြစ်ကြသည့် ဂေါဂ၊ မာဂေါဂကိုလှည့်ဖြားရန်နှင့် စစ်ပွဲအတွက် သူတို့ကိုစုဝေးစေရန် ထွက်သွားလိမ့်မည်။ သူတို့၏အရေအတွက်သည် သမုဒ္ဒရာသဲပွင့်များနှင့်အမျှရှိကြ၏။
သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။