အစ္စရေးလူမျိုးတို့သည် ပြည်ကိုသန့်ရှင်းအောင် ခုနစ်လပတ်လုံး သူတို့ကို သင်္ဂြိုဟ်ရလိမ့်မည်။
ဣသရေလအမျိုးသားတို့သည်ပြည်ရွာ သန့်ရှင်းမှုအတွက် လူသေအလောင်းများ ကိုခုနစ်လပတ်လုံးသင်္ဂြိုဟ်ရကြလိမ့်မည်။-
ဣ သ ရေ လ အ မျိုး သား တို့ သည်၊ နေ ပြည် မ သန့် မ ချင်း၊ ခု နစ် လ ပတ် လုံး သင်္ဂြိုဟ် ကြ ရ လိမ့် မည်။
ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှာ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးပြည်၊ ပင်လယ်အရှေ့ဘက်ခရီးသွားရာလွင်ပြင်တွင် ဂေါဂမင်းကြီးကို သင်္ဂြိုဟ်ရန် မြေနေရာပေးမည်။ ထိုနေရာတွင် ဂေါဂမင်းကြီးနှင့်သူ့လူအုပ်ကို သင်္ဂြိုဟ်ကြသဖြင့် ခရီးသွားလာသောသူတို့အတွက် လမ်းပိတ်လိမ့်မည်။ ထို့ကြောင့် ထိုနေရာကို ဟာမုန်ဂေါဂချိုင့်ဟု ခေါ်ဆိုကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘တိုင်းပြည်သန့်ရှင်းသွားအောင် ခုနစ်လအကုန်၌ မြေပြင်ပေါ်ကျန်ရှိနေသော ကျူးကျော်ဝင်ရောက်သူများ၏အလောင်းကို သင်္ဂြိုဟ်ရန် တိုင်းပြည်အနှံ့လိုက်လံရှာဖွေမည့်လူတို့ကို ခန့်ထားကြလိမ့်မည်။
ဟာမုန်ဟု အမည်တွင်သောမြို့လည်း ပေါ်လာမည်။ ဤသို့ဖြင့် ပြည်ကိုသန့်ရှင်းအောင် လုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
လူသေအလောင်းကို ထိမိသောသူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
တဲထဲ၌သေသောသူနှင့်ဆိုင်သောတရားကား ဤသို့တည်း။ လူသေတဲထဲသို့ဝင်သောသူ၊ တဲထဲရှိသောသူ မည်သူမဆို ခုနစ်ရက်ပတ်လုံး မစင်မကြယ်ဖြစ်၏။
လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
အလောင်းကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့၌ပင် မဖြစ်မနေသင်္ဂြိုဟ်ရမည်။ အကြောင်းမူကား ချိတ်ဆွဲထားခြင်းခံရသောသူသည် ဘုရားသခင်ကျိန်တော်မူခြင်းကိုခံရသောသူဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို မညစ်ညူးစေရ။